သပိတ်မှောက်ခံရတဲ့မင်းသား

Park Shin-yang was banned by Drama Association
နာမည် အလွန် ကြီးနေတဲ့ မင်းသား Park Shin-yang ကို ငွေအလွန် အကျွံ တောင်းတယ် ဆိုပြီး တော့ Korean Drama Association က TV ဇာတ်လမ်း တွဲများ တွင် ငှားရမ်း ရိုက်ကူး ခြင်း မပြုရန် အများသဘော တူ ဆုံးဖြတ် လိုက်ကြ ပါတယ်။
Paris Lovers, War of Money နဲ့ Painter of Wind စတဲ့ ဇာတ်လမ်း တွဲတွေ နဲ့ Park Shin-yang ဟာ ဆက်တိုက် နာမည် ရလာ ခဲ့ ပါတယ်။
July တုံးက ရိုက်ကူး ခဲ့တဲ့ War of Money ကို ပြီးခါ နီးမှာ episode ၄ ခု ထပ်တိုး ဖို့ ဆုံးဖြတ် ခဲ့ကြ ပါတယ်။ မင်းသား က one episode ကို 170 million won (US$116,000) တောင်းခဲ့ ပြီး ထုတ်လုပ် သူက လည်း ပေးရန် သဘောတူ ခဲ့ ပါတယ်။
အားလုံး ပြီးတော့ ထုတ်လုပ် သူက မပေး နိုင် တော့ပါ။ မင်းသား က တရားစွဲ ပါတယ်။ အခုလို စီးပွား ပျက်ကပ် ကာလမှာ ညှာတာ စိတ်မရှိ ရကောင်းလား ဆိုပြီး အားလုံး က သပိတ် မှောက် ရန် ဆုံးဖြတ် ခဲ့ကြ တာဖြစ် ပါတယ်။

Kwon Sang-woo and Song Seung-heon
will take less pay
တချိန် ထဲမှာ တခြား နာမည် ကြီး မင်းသား မင်းသမီး များက အားလုံး ကို ညှာတာ တဲ့ အနေနဲ့ လုပ်ခ ကို ထက်ဝက် မက လျှော့ယူ ဖို့ ဆုံးဖြတ် နေကြ တာနဲ့ လည်း တိုက်ဆိုင် နေ ပါတယ်။
Kwon Sang-woo က episode တခု ကို 50 million won မှ15 million won သို့၎င်း၊ Song Seung-heon (ဂျွန်စော) ကလည်း 70 million wonကနေ 35million won သို့၎င်း လျှော့ယူ ရန် မကြာမှီ ကပဲ ဆုံးဖြတ် ခဲ့ကြ ပါတယ်။
မင်းသား
So Ji-sub နဲ့ မင်းသမီး Choi Ji-woo တို့ ကလည်း ကားရိုက်ခ လျှော့ယူရန် ဆုံးဖြတ် ခဲ့ကြ တယ်လို့ ဆို ပါတယ်။
ဒီလို အခြေ အနေ တွေ အတွင်းမှာ နာမည် ဆိုးသွား တဲ့ Park Shin-yang တစ်ယောက် ဘယ်လို ဆက်လက် စခန်း သွာမယ် ဆိုတာ စောင့်ကြည့် ရမှာ ဖြစ် ပါတယ်။
Links
Park Shin-yang made a pariah with production firms after fee dispute
Actors Take Pay Cut in Economic Downturn
Park Banned From Major Production Companies Works
Park Shin-yang joins ranks of hallyu stars
Tags:
korean actor |
korean actress |
korean drama |
korean news |
korea
Leave your comment