ပေါက်သွားတဲ့ရုပ်ရှင်

Movie "Speedy Scandal"
ဒီလ ထဲမှာ Speedy Scandal အမည် ရှိတဲ့ ရုပ်ရှင် ကားဟာ မထင်မှတ် ပဲနဲ့ rating အမြင့်ဆုံး ကို ရောက်သွား ပြီး ၁၂ ရက် ထဲနဲ့ အရင်း US$1.8 million ကြေသွား ပြီးလို့ သိရ ပါတယ်။
ကြိုတင် လက်မှတ် ဝယ်နှုံး ဟာ "Speedy Scandal" က 35.54%, "Portrait of a Beauty" က 13.89% နဲ့ "The Accidental Gangster and the Mistaken Courtesan" က 11.89% ရှိတယ် လို့ဆို ပါတယ်။
Speedy Scandal ရုပ်ရှင် ကို ဒါရိုက်တာ Kang Hyeong-cheol မှ ဦးစီး ပြီး၊ မင်းသား Cha Tae-hyeon မင်းသမီး Park Bo-yeong နဲ့ ခလေး သရုပိဆောင် Hwang Seok-hyeon (6) တို့မှ ပါဝင် ရိုက်ကူး ထား ပါတယ်။

Cha Tae-hyeon and
Hwang Seok-hyeo
ဇာတ်လမ်းမှာ၊ Nam Hyun-soo (မင်းသား Cha Tae-hyeon) ဟာ အသက် ၄၀ လောက် ရှိတဲ့ နာမည်ကြီး radio DJ တစ်ယောက် ဖြစ် ပါတယ်။
တစ်နေ့မှာ Jung-nam (မင်းသမီး Park Bo-yeong) ဆိုတဲ့ အသက် ငယ်ငယ် ခလေး အမေ တစ်ဦး (unwed mother) က သူမ ငယ်ငယ် ကတည်းက ပျောက်ဆုံး နေခဲ့တဲ့ အဖေ ကို ရှာဖွေ နိုင်ရန် DJ - Nam Hyun-soo ထံ ဆက်သွယ် လာ ပါတယ်။
သူမ ရဲ့ အလွန် ချစ်စရာ ကောင်းတဲ့ သားကလေး အမည်မှာ Gi-dong (ခလေး သရုပ်ဆောင် Hwang Seok-hyeon) ဖြစ် ပါတယ်။
Nam Hyun-soo က radio အသံလွှင့် အစီအစဉ် မှ တဆင့်၊ အဖေ ရှာပုံတော် ဖွင့် ပေးခဲ့ ပါတယ်။ ဒီ အစီအစဉ် ဟာ အထူး ကျော်ကြား ပြီး popular ဖြစ်လာ ပါတယ်။
နောက်ပိုင်း မှာ Nam Hyun-soo ဟာ သူမ ရဲ့ အဖေ ဖြစ်ပြီး Gi-dong ဟာ သူ့မြေး ဖြစ် ပါတယ် လို့ Jung-nam က စွပ်စွဲ လာတဲ့ အခါမှာ တသောသော ရီ ရတဲ့ ဟာသ ဇာတ်လမ်း ဖြစ်လာတယ် လို့ဆို ပါတယ်။

Child actor Hwang Seok-hyeo
၆ နှစ်သား အရွယ် ခလေး သရုပ် ဆောင်လေး Hwang Seok-hyeo ကို ပရိသတ် က အထူး နှစ်သက် ချီးကြူး နေကြ ပါတယ်။
မင်းသား Cha Tae-hyeon နဲ့ မင်းသမီး Park Bo-yeong တို့ရဲ့ သရုပ်တောင် ချက်တွေ ကလည်း အလွန် ကောင်းတယ် လို့ဆို ပါတယ်။
Speedy Scandal ရုပ်ရှင် ဟာ အရင်း နည်းနည်း နဲ့ ရိုက်တဲ့ low budget ဇာတ်ကား ဖြစ်လို့ ဒီလောက် အောင်မြင် မယ်လို့ ဘယ်သူ ကမှ မထင် ခဲ့ကြ ဘူးလို့ ဆို ပါတယ်။
Links
Speedy Scandal - becomes the sleeper hit of the year
Movie, Speedy Scandal is a hit by default
Speedy Scandal' tops the charts
Child actor Hwang Seok-hyeon, face expressions
Korean News Source
Tags:
korean actor |
korean actress |
korean drama |
korean news |
korea
Leave your comment