အမွေလုပွဲပြီးဆုံးခြင်

Actress Choi Jin-shil and her children
မြန်မာ ပရိသတ် နဲ့ အလွန် ရင်းနှီး တဲ့ မင်းသမီး တစ်ဦ ဖြစ်သူ Choi Jin-shil
(အုပ်ခွာ) ဟာ အောက်တိုဘာ ၂ ရက်နေ့ က မိမိ ကိုယ် မိမိ သတ်သေ သွားတဲ့ သတင်း
ကိုဒီ website မှာ ဖေါ်ပြ ခဲ့ပြီး ဖြစ် ပါတယ်။
Choi Jin-shil ကို တတိုင်း ပြည်လုံး မှ အနုပညာ သည်တွေရော၊ ပြည်သူ တရပ်လုံး ကပါ အလွန် လေးစား ချစ်ခင် ကြ ပါတယ်။
သူ့ကို ကိုးရီးယား အနုပညာ လောကရဲ့ မှတ်တိုင် ကြီး တခုလို့ ပြောရင် မှားမည် မ ထင်ပါ။ သူ့ အတွက် တတိုင်း ပြည်လုံး မှလည်း ယူကြုံး မရ ဖြစ်ခဲ့ ကြ ပါတယ်။်

Choi Jin-shil and ex- husband
Choi Jin-shil ဟာ ၂၀၀၄ ခုနှစ် က ခင်ပွန်း နဲ့ ကွာရှင်း ထားသူ ဖြစ်ပြီး၊ သားသမီး ၂ ဦး ကျန်ခဲ့ ပါတယ်။ ခလေး များကို ဦးလေး ဖြစ်သူ Choi Jin-yeong က ခေါ်ယူ ထိန်းသိမ်း ထာ ပါတယ်။ ဦးလေး ရဲ့ အိမ်မှာ အဖွား ဖြစ်သူ Choi Jin-shil ရဲ့ အမေလည်း ရှိ ပါတယ်။
ကွာရှင်း စဉ်က မိခင် Choi Jin-shil မှ ခလေး များရဲ့ အုပ်ထိန်းခွင့် (custody) ကို ရရှိ ခဲ့ ပါတယ်။ မိခင် ထံမှ ကျန်ရစ် ခဲ့တဲ့ များပြား လှတဲ့ အမွေ တွေကို၊ ခလေး ၂ ဦး မှပိုင် ပါတယ်။
Choi Jin-sihl ကွယ်လွန် ပြီးနောက် မှာ ခလေး များကို ပြန်လည် အုပ်ထိန်း ခွင့် နဲ့ ကျန်ရစ် တဲ့ အမွေ အနှစ် တွေရဲ့ စီမံ ခန့်ခွဲ ခွင့် ကို ရလိုကြောင်း၊ ဖခင် ဖြစ်သူ Jo Sung-min မှ တရားရုံး တွင် ဦးတိုက် လျှောက်ထား လာ ပါတယ်။

Choi Jin-shil and her children
ဖခင်မှ အုပ်ထိန်း ခွင့် ရရင်၊ ဥပဒေ အရ ခလေး တွေရဲ့ အမွေ တွေကို၊ ဖခင် မှ အလို အလျှောက် ပိုင်ဆိုင် ပြီးသူ့ စိတ်ကြိုက် စီစဉ် နိုင် ပါတယ်။
ဦးလေး နဲ့ အဖွား တို့မှ ခလေး တွေကို မွေးစား ရင်၊ အမွေထိန်း သာဖြစ် တဲ့ အတွက်၊ ခလေး များရဲ့ ကုန်ကျ စရိတ် တွေကို၊ ဥပဒေ ရဲ့ ခွင့်ပြု ချက်နဲ့ အညီ သာ သုံးစွဲ ခွင့်ရှိ ပါတယ်။
Choi Jin-shil ရဲ့ ခင်ပွန်းဟောင်း ဖြစ်သူ အပေါ်မှာ၊ တတိုင်းပြည် လုံးမှ မကြေ မနပ် ဖြစ်ပြီး၊ စာစောင် တွေနဲ့ internet ထဲမှာပါ၊ အကြီး အကျယ် ဝေဖန် လာကြ ပါတယ်။
ဒီလို ဝေဖန်မှု တွေကို မခံနိုင် လို့ ထင်ပါတယ်၊ ခင်ပွန်း ဟောင်းဟာ၊ တရား ရင်ဆိုင် နေမှုကို ရုပ်သိမ်း သွား ပါတယ်။ ခလေး များဟာ၊ ဦးလေး နဲ့ အဖွား ဖြစ်သူ တို့နဲ့ အေးချမ်း စွာ နေနိုင် တော့မှာ ဖြစ်တဲ့ အတွက် အားလုံး မှ ကျေနပ် ဝမ်းသာ နေကြ ပါတယ်။
တရား ရုံး ကတော့ ဖခင် ဖြစ်သူ အား၊ ခလေး များနဲ့ ပုံမှန် တွေ့ဆုံ ခွင့် (visitation right) ကို ပေးအပ် ခဲ့တယ် လို့ သတင်း ရရှိ ပါတယ်။
Links
Choi Jin-shil can finally rest in peace
Battle for Choi Jin-shil's Children Continues
Choi Jin-shil’s brother will never forgive

Tags:
korean actress |
korean news |
korea
Leave your comment