Hana Yori Dango ဇာတ်လမ်းတွဲ

Hana Yori Dango - Japanese Version
Season1 (21-Oct-05)
Hana Yori Dango အမည် ရှိ ဂျပန် TV Drama - Season1 ကို 2005-Oct-21 မှ 2005-Dec-16 အတွင်း မှာ ဂျပန် TBS ရုပ်သံ မှ ထုပ်လွှင့် ခဲ့ ပါတယ်။ အပိုင်း ၉ ပိုင် ပါတဲ့ ဒီ ဇာတ်လမ်း တွဲဟာ rating 19.6 ရှိတဲ့ အထိ လူကြိုက် များခဲ့ ပါတယ်။
ပါဝင် ခဲ့တဲ့ သရုပ် ဆောင်များ ကတော့ အောက်ပါ အတိုင်း ဖြစ် ပါတယ်။

Based on the Japanese manga
"Hana Yori Dango"
Hana Yori Dango ရဲ့ မူလ ဟာ ဂျပန် anime ခေါ်တဲ့ ကာတွန်း ဇာတ်လမ်း ဖြစ် ပါတယ်။ အင်္ဂလိပ် လို anime လို့ အမည် တွင်ပြီး လူကြီး တွေအတွက် ထုတ်လုပ် တဲ့ ခပ်ကြမ်းကြမ်း ဂျပန် ကာတွန်း ဗွီဒီယို ဇာတ်လမ်း တွဲတွေ ဟာ ဂျပန် နိုင်ငံ မှာ အတော် ခေတ်စား ပါတယ်။
(Dictionary.com - anime is a Japanese style of motion-picture animation, characterized by highly stylized, colorful art, futuristic settings, violence, and sexuality)

Hana Yori Dango - Japanese Version
Season2 (5-Jan-07)
Season1 အောင်မြင် တဲ့ အတွက် Season2 ကို TBS ရုပ်သံ မှပဲ 2007-Jan-05 မှ 2007-Mar-16 အတွင်း မှာ ထပ်မံ ထုပ်လွှင့် ခဲ့ပြန် ပါတယ်။
Season2 ကတော့ အပိုင်း ၁၁ ပိုင် ပါပြီး rating 21.7 ရခဲ့ ပါတယ်။ ပါဝင် ခဲ့တဲ့ သရုပ် ဆောင်များ ကတော့ ယခင် သရုပ် ဆောင်များ ပဲ ဖြစ်ကြ ပါတယ်။
Hana Yori Dango ကိုးရီးယား version ကိုတော့ KBS2TV မှ လာမည့် ဒီဇင်ဘာ ထဲမှာ ထုတ်လွှင့် မယ်လို့ သိရ ပါတယ်။ သရုပ် ဆောင်များ ကတော့ Koo Hye Sun(Geum Jan Di), Lee Minho (Koo Joon Pyo), Kim Hyun Joong (Yoon Ji Hoo), Kim Bum (So Ee Jung) နဲ့ Kim Joon (Song Oh Bin) တို့ ဖြစ်ကြ မယ်လို့ လည်း သတင်း ပြေးနေ ပါတယ်။
Hana Yori Dango ကို Chinese version နဲ့လည်း ရိုက်ကူး ပြသ ပြီးပြီး ဖြစ် ပါတယ်။
Links
Drama “Boys over Flowers” begin to flower
Hana Yori Dango - Japanese version (wikipedia)
Korean version Hana Yori Dango 2008
Tags:
korean actor |
korean actress |
korean drama |
korean news |
korea
Leave your comment