အတိုအထွာသတင်းများ(၁၀)

Rain နဲ့ Jun Ji-hyun တို့ရဲ့ ဇာတ်လမ်းတွဲ အသစ်
Rain နဲ့ Jun Ji-hyun တို့ဟာ မကြာမှီ မှာ Four Seasons လို့ အမည် ပေးထား တဲ့ drama အသစ် ကို ရိုက်မယ် လို့ သိရ ပါတယ်။ ကုန်ကျ စရိတ် အနေနဲ့ ဝမ် ၁.၅ ဘီလီယံ သတ်မှတ် ထား ပါတယ်။ Rain ဇာတ်လမ်း တွဲ မရိုက် တာ ၃ နှစ် ရှိပြီး၊ Jun Ji-hyun ကတော့ ၁၀နှစ် ရှိပြီး ဖြစ် ပါတယ်။
Source : When it Rains it POURS!
Lee Da-hae, her face is smaller than a toy

မျက်နှာငယ်နေတဲ့မင်းသမီး
၂၀၀၈ ခုနှစ် Seould Drama Festival- Asia Star's Night ပွဲတော် သို့ မင်းသမီး Lee Da-hae မကြာမှီ က တက်ရောက် ခဲ့ ပါတယ်။ ဒီပွဲ မှာ ပြုလုပ် ခဲ့တဲ့ interview မှာ ဘောလုံး လေး တစ်လုံး ကို မျက်နှာ ရှေ့မှာ ကွယ်ပြီး သူ့မျက် နှာငယ် ကြောင်း သက်သေ ပြခဲ့ ပါတယ်။ ကိုးရီးယား တွေက မျက်နှာငယ် တဲ့ မိန်းခလေး တွေမှ လှတယ် လို့ ယုံကြည် ကြ ပါတယ်။
Source : Lee Da-hae, her face is smaller than a toy!
200-Pound Beauty takes to the stage

ပြဇာတ် သရုပ်ဆောင် အဆိုတော် Bada
အဆိုတော် Bada ဟာ 200lb Beautry ပြဇာတ် မှာ ခေါင်းဆောင် မင်းသမီး အဖြစ် သရုပ်ဆောင် လာ ပါတယ်။ ဒီ ပြဇာတ် ဟာ မင်းသမီး Kim A-joong နဲ့ အလွန် နာမည် ကြီးခဲ့တဲ့ 200 Pounds Beauty ရုပ်ရှင် ကို ပြဇာတ် အဖြစ် ပြန်လည် ဆန်းသစ် တာဖြစ် ပါတယ်။
Source : 200-Pound Beauty takes to the stage
Kim Ha-neul has a handsome brother

မောင်လေး ချောချော ရှိတဲ့ မင်းသမီး
နာမည်ကျော် မင်းသမီး Kim Ha-neul မှာ မောင်လေး ချောချော ရှိတယ် ဆိုပြီး internet ထဲမှာ သတင်း ပြန့် နေတာ ကြာ ပါပြီး။ မင်းသမီး ရဲ့ management agency က ဒီ သတင်း မှန်ကြောင်း အတည် ပြုပေး ခဲ့ ပါတယ်။ မောင်နှမ နှစ်ယောက် ရဲ့ ဓါတ်ပုံ ကိုလည်း ထုတ်ပြန် ပေး ပါတယ်။
Source : Kim Ha-neul has a handsome brother
Jang Nara returns to Korea through a new movie

Jang Nara ရုပ်ရှင် ရိုက်ရန် ပြန်လာခြင်း
မင်းသမီး Jang Nara နဲ့ သူ့ ဖခင် Joo Ho-seong တို့ဟာ ရုပ်ရှင် တစ်ကား ရိုက်ရန် ကိုးရီးယား ကို ပြန်လာ ကြ ပါတယ်။ သူ့ဖခင် ဟာလည်း သရုပ်ဆောင် တစ်ဦး ပဲဖြစ် ပါတယ်။ Jang Nara ဟာ တရုပ်ပြည် မှာ နေတာ အတော် ကြာသွား ပါပြီး။ ရုပ်ရှင် အမည် ကိုတော့ နောက်မှ ထုတ်ပြန် မယ်လို့ ဆို ပါတယ်။
Source : Jang Nara returns to Korea through a new movie
Leave your comment