T.O.P သေကြောင်းကြံသလား

Did T.O.P attempted suicide?
Big Bang တီးဝိုင်း ရဲ့ ထိပ်တန်း အဆိုတော် တစ်ဦး ဖြစ်တဲ့ T.O.P ဟာ အိပ်ယာ ထဲမှာ မထ နိုင်ဘဲ လဲနေ လို့ ဆေးရုံ ပို့ လိုက်ရ တယ်လို့ သတင်း ရရှိ ပါတယ်။
Internet ထဲမှာ တော့ သေကြောင်း ကြံစီ တယ်ဆို ပြီး သတင်း တွေ အကြီး အကျယ် ဖြစ်ပေါ် ခဲ့ပြီး T.O.P ရဲ့ ပရိသတ် တွေ အကြားမှာ ရုတ်ရုတ် သဲသဲ ဖြစ်ကုန် ကြ ပါတယ်။
ဆရာဝန် များရဲ့ အပြော အရ တော့ အိပ်ဆေး အတော် များများ သောက်ထာ တယ်လို့ ဆို ပါတယ်။ စိတ်သောက တခုခု တော့ အမှန် ရှိမယ် လို့ဝိုင်း ထင်ကြေး ပေးနေ ကြ ပါတယ်။
T.O.P ဟာ နိုဝင်ဘာ ၅ ရက်နေ့ က တုတ်တွေး ဖြစ်နေ သော်လည်း ၄င်းနေ့ မနက် ၄ နာရီ အထိ recording လုပ်နေ ကြောင်း၊ ၄ ရက်နေ့ ကလည်း ၄င်းရဲ့ မွေးနေ့ ဖြစ်လို့ အရက် တော်တော် သောက်ခဲ့ ကြောင်း၊ အိပ်ပျော် အောင် အိပ်ဆေး သောက်ရာ ကနေ ဆေးနဲ့ မတည့် ဖြစ်ပြီး အခု လိုဖြစ် ရတာပါ လို့ သူ့ ကိုယ်စလှယ် YG Entertainment က တာဝန် ရှိသူ တစ်ဦး ကပြော ပါတယ်။
ဘာပဲ ပြောပြော နာမည် ကြီးတွေ တစ်ယောက် ပြီး တစ်ယောက် သတ်သေ နေကြ တာ ဆိုတော့ အားလုံး ကတော့ အတော် လန့်သွား ကြ ပါတယ်။
Links
T.O.P. attempts suicide ?
Tags:
korean singer |
korean news |
korea
Leave your comment