Drama နဲ့ Movie တပြိုင်နက်ရိုက်ခြင်း

Movie starring Kim Min-sun
ကိုးရီးယား media လောက မှာ မလုပ် ဖူးတာ တစ်ခု လုပ်လာ တာ တွေ့ရ ပါတယ်။ ပြသ ဆဲ Drama ဇာတ်လမ်း တွဲ ကို ရုပ်ရှင် ရိုက် ခြင်းပဲ ဖြစ် ပါတယ်။
မင်းသား Park Shin-yang နဲ့ မင်းသမီး Moon Geun-young (အွန်စောငယ်) တို့ ပါဝင် တဲ့ Painter of the Wind အမည် ရှိ TV Drama ကို စက်တင်ဘာ လ ၂၄ ရက်နေ့ မှာ စတင် ထုတ်လွှင့် ခဲ့ပြီး လက်ရှိ ပြသ ဆဲဖြစ် ပါတယ်။

Drama starring
Moon Geun-young
ဒီ ဇာတ်လမ်းတွဲ မှာ Moon Geun-young ဟာ ပန်းချီ ပညာ ကို သင်ယူ နိုင်ဖို့ ယောက်ျား လေး ဟန်ဆောင် ပြီး သရုပ်ဆောင် ထား ပါတယ်။ Coffee Prince ထဲက Yun Eun-hye လိုပေါ့။
နောက်ထပ် ရိုက်မဲ့ ရုပ်ရှင် ဟာ Drama လိုပဲ Chosun Dynasty မှာ တကယ် ရှိခဲ့ တဲ့ Shin Yoon-bok အမည်ရှိ ပန်းချီ ပညာရှင် မိန်းခလေး ရဲ့ ဘဝ ကိုပဲ နောက်ခံ ထားပြီး ရိုက် မှာ ဖြစ် ပါတယ်။
Drama က ဇာက်ကောင် ရဲ့ ပညာ လိုက်စား မှုကို အသား ပေး ခဲ့ပြီး၊ movie ကတော့ ဒီ မိန်းခလေး ရဲ့ အချစ် ဇာတ်ကြောင်း ကို နောက်ခံ ထား ရိုက်မယ် လို့ ဆို ပါတယ်။

ရုပ်ရှင် ကို မင်းသမီး Kim Min-sun (ဆွန်ဟီး) နဲ့ ရိုက်မှာ ဖြစ် ပါတယ်။ Kim Min-sun နဲ့ မြန်မာ ပရိသတ် ရင်းနှီး ပြီးသား ပါ၊ Glass Slipper ဇာတ်လမ်း တွဲမှာ (ဆွန်ဟီ) အဖြစ်
၎င်း၊ Han River Balled ဇာတ်လမ်း တွဲမှာ ငါးရောင်း တဲ့ သမီး လပ် အဖြစ် ၄င်း ပါဝင် ခဲ့သူ ဖြစ် ပါတယ်။
ရုပ်ရှင် ဟာ မထွက် မှီ ကတည်း က နာမည် ကြီးနေ ပါပြီး၊ Kim Min-sun ဟာ ဇာတ်ကောင် ရဲ့ love life ကို သရုပ်ဖေါ် ရာမှာ ခပ် ကြမ်းကြမ်း ခပ် ဖေါ်ဖေါ် ရိုက်ထား တယ်လို့ ဆို ပါတယ်။
Links
Kim Min-sun Unveils Hidden Sex Appeal through Legendary Artist
Moon Geun-young is all girl
Tags:
korean actor |
korean actress |
korean drama |
korean news |
korea
Leave your comment