အစီအစဉ်မှူး Gong Yoo

Gong Yoo the Army radio DJ
လောလော ဆယ် စစ်သား ကြီးဖြစ် နေတဲ့ မင်းသား Gong Yoo ကို စစ်တပ် radio တစ်ခု မှာ သီချင်း တင်ဆက် သူ DJ ဆောင်ရွက် ဖို့ တာဝန် ပေးခဲ့ တယ်လို့ သတင်း ရရှိ ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ ည ဂ နာရီ အချိန် မှာ Gong Yoo waits for hour 20 လို့ အမည် ရှိတဲ့ သီချင်း ဖြေဖျော် ရေး အစီအစဉ် မှာ ၂ နာရီ တိတိ DJ အဖြစ် ပျော်ပျော် ပါးပါး ဆောင်ရွက် သွားတယ် လို့ သိရ ပါတယ်။
Gong Yoo စစ်ထဲ ဝင်သွား လို့ လွမ်းကျန် ရစ်ခဲ့ ရတဲ့ မင်းသား ရဲ့ ပရိသတ် ဟာ သူ့ အသံ ကို ၂ နာရီ လောက် နားထောင် ပြီး စိတ်ဖြေ ခဲ့ကြ ရမယ် ထင် ပါတယ်။

Gong Yoo, a man with a silly (but lovely) grin
ကိုးရီးယား မှာ ယောက်ျား လေးများ ဟာ မဝင် မနေရ စစ်မှုထမ်း ဥပဒေ အရ၊ လူတိုင်း ၂ နှစ် စစ်ထဲ ဝင်ကြ ရ ပါတယ်။
နာမည် ရခါစ မင်းသားလေး တွေဟာ အခု လို စစ်ထဲ ဝင်နေ ကြရတာ အခက် အခဲကြီး တစ်ခုဖြစ် ပါတယ်။ မင်းသား Gong Yoo ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ လ ၁၄ ရက်နေ့ က တပ်ကို သတင်း ပို့ပြီး တာဝန် စတင် ထမ်းဆောင် ခဲ့ရ ပါတယ်။
သူ့ ပရိသတ် ၃၀၀ ကျော်နဲ့ သတင်းထောက် ၅၀ ကျော် ဟာ Gong Yoo စစ်ထဲ ဝင်မည့် နေ့က တပ်ရင်း ဂိတ်ပေါက် ဝမှာ လာစောင့် နေကြ ပြီး ပို့ဆောင် နုတ်ဆက် ခဲ့ကြ ပါတယ်။
Links
Gong Yoo is the radio DJ at the military base camp!
Gong Yoo the army DJ
Gong Yoo Begins Military Service on January 14th
The 1st Shop of Coffee Prince
Profile, pictures and articles of Gong Yoo
Leave your comment