မှန်ကင်းတလှဲ့ထင်းတလှည့်

Sungnyemun Gate before
အသက် ၇၀ ကျော် Chae Jong-gi အမည်ရှိ အဖိုးအို တစ်ဦး ကို အမျိုးသား ရတနာ အမှတ် ၁ အား မီးရှို့ ခဲ့မှု နဲ့ ကိုးရီးယား တစ်ရား ရုံးချုပ် က အောက်တိုဘာ လ ၉ ရက်နေ့ တွင် ထောင်ဒါဏ် ၁၀ နှစ် ချမှတ် ခဲ့ ပါတယ်။
အဖိုးအို ဟာ မြေယာ ပိုင်ဆိုင် မှု တစ်ခု နဲ့ ပတ်သက် ပြီး အာဏာ ပိုင်များ အပေါ် မကြေနပ် ဖြစ်ကြီး မီးရှို့ ခဲ့တာ ဖြစ် ပါ တယ်။?
သူ မီးရှို့ ခဲ့လို့ ကိုးရီးယား အမျိုးသား ရတနာ တစ်ခု ဖြစ်တဲ့ Sungnyemun Gate ဟာ ၂၀၀၈ ခုနှစ် ဖေဖဝါရီ လ ၁၁ ရက်နေ့ညက မီးလောင် ပျက်စီး ခဲ့ရ ပြီး၊ ကိုးရီးယား တနိုင်ငံ လုံး ဝမ်းနည်း ကြေကွဲ ခဲ့ကြ ရ ပါတယ်။

Sungnyemun Gate on fire
Sungnyemun Gate ဟာ ၁၃၉၂-၁၉၁၀ Joseon မင်းဆက် လက်ထက် က Seoul မြို့ ကိုပတ် ပြီးတည်ဆောက် ထားခဲ့တဲ့ မြို့ရိုး ရဲ့ တောင်ဘက် မြို့တံခါး ပေါက် ဖြစ် ပါတယ်။ သက်တမ်း အားဖြစ် လည်း နှစ်ပေါင်း ၆၀၀ ကျော်ပြီး ဖြစ် ပါတယ်။

The burnt out Sungnyemun Gate
အခြား ရှေးဟောင်း အဆောက် အအုံ များကို လည်း လူအများ အလွယ် တကူ ဝင်ထွက် နေကြ လို့၊ အလားတူ မီးလောင် မလောင် စေရန် ကာကွယ် မှုများ စီစဉ် နေတယ် လို့ဆို ပါတယ်။
မီးလောင်မှု ဖြစ်ပွား ပြီးနောက် Cultural Heritage Administration တာဝန်ခံ Yoo Hong-jun ဟာ ရာထူး မှ နှုတ်ထွက် ခဲ့ ပါတယ်။
Sungnyemun Gate ကို ၂၀၁၂ ခုနှစ် မှာ မူလပုံ အတိုင်း ပြန်လည် တည်ဆောက် ရန် စီစဉ် နေကြ ပါတယ်။
Links
Supreme Court affirms 10-year sentence for man who burned historic gate
2/11/08 KBS World article
Leave your comment