သတင်းကြီးလာတဲ့နောက်တစ်တွဲ

Bae Yong-jun and Lee Na-young
Internet ထဲမှာ တောမီးလို ပြန့်နေ တဲ့ သတင်း တစ်ခု ကတော့ နာမည်
ကြီး မင်းသား Bae Yong-jun နဲ့ မင်းသမီး Lee Na-young
တို့ မကြာခင် လက်ထပ် တော့မယ် ဆိုတာ ပါဘဲ။
သတင်း က မနှစ် က စထွက် လာခဲ့ တာ အခု နောက်ဆုံး သတင်း အရ Seoul က နာမည်ကြီး ဟိုတယ် တစ်ခု မှာ လာမည့် အောက်တိုဘာ ၂၅ ရက်နေ့ လက်ထပ် မယ် စသည် စသည် ဖြစ်ပေါ့။

Lee Na-young(29)
Lee Na-young ပါဝင်တဲ့ Sad Dream
ဆိုတဲ့ ရုပ်ရှင် အတွက် ပြုလုပ် တဲ့ သတင်း စာရှင်း လင်းပွဲ မှာ သူနဲ့ မင်းသား Bae Yong-jun တို့
အကြောင်း ပြောနေ ကြတာ မမှန် ပါဘူး လို့ ဘူးခံ သွား ပါတယ်။
လူတွေ ကတော့ ဒီနှစ်ယောက် အတူတူ နေနေ ကြတာ အမှန် ဖြစ်ကြောင် ထပ်မံ ပြောလာ ကြပြီး မင်းသမီး အနေနဲ့ ပြိမ်နေ ရင် အကောင်းသား အခု လို ပေါ်ထင် ကြီးငြင်း လိုက်မှ ပိုဆိုး သွားပြီး လို့ ပြောလာ ကြပြန် ပါတယ်။ မှန်မမှန် စောင့်ကြည့် ကြရ
မှာပေါ့။
ဒါရိုက်တာ Kim Ki-duk ဦးစီးပြီး ဂျပန် မင်းသား Jo Odagiri နဲ့ အတူ ရိုက်ကူး ထားတဲ့ မင်းသမီး ရဲ့ နောက်ဆုံး ရုပ်ရှင် Sad Dream ကို အောက်တိုဘာ ၉ ရက်နေ့ မှာ ရုံတင် မယ်လို့ လည်း သတင်း ရရှိ ထား ပါတယ်။
Links
The real deal with Lee Na-young and Bae Yong-jun
Lee Na-young will not marry Bae Yong-joon
Tags:
korean actor
korean actress
news
korea
Leave your comment