တရားစွဲခံနေရတဲ့ Rain

Rain sued for
4 million USD
Rain ကို အမေရိကန် နိုင်ငံ Hawaii ပြည်နယ် တရား ရုံးက လာမည့် နိုဝင်ဘာ လ ၄ ရက်နေ့ မှာ တရား ဆိုင်ဖို့ ဆင့်ခေါ် ထားတယ် လို့ သတင်း ရရှိ ပါတယ်။
ပြီးခဲ့ တဲ့ ၂၀၀၇ ခုနှစ် ဇွန်လ က Hawaii ပြုလုပ် ရန် စီစဉ် ထားတဲ့ Rain ရဲ့ stage show တစ်ခု ကို အကြောင်း မညီညွတ် လို့ ဖျက်သိမ်း ခဲ့ရ ပါတယ်။
ဒီလို ဖျက်သိမ်း ခဲ့လို့ Hawaii ကပွဲ တာဝန်ခံ (promoter) က နစ်နာ မှု အတွက် Rain နဲ့ သူ့ရဲ့ agent JYP Entertainment တို့ ထံမှ US$ ၄ သန်း ရလို ကြောင်း တရား စွဲခဲ့ တဲ့ အတွက် အခုလို အမှု အခင်း ဖြစ်ခဲ့ ရတာ ဖြစ် ပါတယ်။
အလား တူပဲ Atlanta, New York, San Francisco နဲ့ Los Angeles တို့မှာ လည်း မနှစ် က show ပွဲတွေ ဖျက်သိမ်း ခဲ့ရ ပါသေး တယ်။ အဲဒီ မြို့တွေ ကလည်း အလား တူ တရား စွဲ ကြရန် အစီအစဉ် ရှိကြ တယ်လို့ သိရ ပါတယ်။
Links
Rain is in trouble
Tags:
korean actor |
korean singer |
korean news |
korea
Leave your comment