ခိုးစားတာအမိခံရတဲ့မင်းသား

Choi Min Soo caught sneaking out
မင်းသား Choi Min Soo ဟာ ဧပြီလ ၂၁ ရက်နေ့ က အသက် ၇၁ နှစ် အရွယ် ရှိ
အဖိုးအို တစ်ဦး ကို ရိုက်ခဲ့ ပါတယ်။ နောက်တော့ ဒါဏ်ရာ ရတဲ့ အဖိုးအို ကို ဆေးရုံ ပို့ လိုက်ရ ပါတယ်။
နောက်ပိုင်း မှာ အဖိုးအို တက် နေတဲ့ ဆေးရုံ ကို သွားပြီး ရှိခိုး တောင်းပန် တဲ့ အခါ မှာ အဖိုးအို က အမှု ရုတ်သိမ်း ပေးခဲ့ ပါတယ်။
ဒီဖြစ်ရပ် အတွက် မိမိ ကိုယ် မိမိ အပြစ် ပေးတဲ့ အနေနဲ့ container တစ်လုံး ထဲမှာ အချိန် အတိုင်း အတာ တစ်ခု အထိ မထွက်တမ်း သွားနေ မယ်လို့ ကြွေးကြော် ပြီး Seoul မြို့ ပြင်ရှိ container တစ်လုံး ထဲမှာ သွားနေ ပါတယ်။ (အများ ကတော့ စတန့် ထွငိတာ ပါလို့ ဝိုင်း ဝေဖန် ပါတယ်)

Choi Min Soo formally apologizing
ပြောတဲ့ အတိုင်း လုပ်မလုပ် သတင်း ထောက်တွေ က ချောင်းနေကြ ပါတယ်။ ထင်တဲ့ အတိုင်းပဲ မင်းသား တိတ်တိတ် ခိုးထွက် နေတာ ကို အမိအရ ဓါတ်ပုံ ရိုက်ထား နိုင် ခဲ့ကြ ပါတယ်။

Choi Min-soo (ရှင်လူ)
နောက်ဆုံး သတင်း အရ Choi Min Soo ဟာ container ထဲက ထွက်လာ ခဲ့ပြီး Canada နိုင်ငံ ကို အပမ်းဖြေ သွားဖို့ စီစဉ် နေတယ် လို့ သိရ ပါတယ်။
Choi Min Soo ဟာ မြဝတီ
ရုပ်သံ မှာ ပြသွား တဲ့ Han River Ballad အမည်ရှိ တီဗွီ ဇာတ်လမ်းတွဲ မှာ အကြီးဆုံး
အစ်မကြီး ဂါယောင်း (Kim Hye-soo) ကိုကြိုက် တဲ့ သူဋ္ဌေး ရှင်လူ အဖြစ် သရုပ်ဆောင် တဲ့ မင်းသား ပဲဖြစ် ပါတယ်။
Links
Choi Minsoo fails to live up to his promise
Choi Minsoo lives in a metal container
Choi Minsoo is wild
Tags:
korean actor |
korean news |
korea
Leave your comment