Rain နဲ့ တစ်ရက်အတူနေချင်လား

Rain returning to Asia?
Rain နဲ့ တစ်ရက် အတူ နေချင် သလား (ညလည်း ပါတယ်နော့် - ဟဲဟဲ) ဆန္ဒရှိ ရင် ပြောကြ နော့်၊ စီစဉ် ပေးမယ်။
လုံးဝ မဖြစ် နိုင်ဘူး ဆိုပြီး စောဒက မတက် ကြပါနဲ့၊ Rain ရဲ့ J Tune Entertainment (agency) က "The Day" အမည်ရှိ
Rain ရဲ့ ၂၄ နာရီ ဘဝ ကို မှတ်တမ်း တင်
ထားတဲ့ DVD ထုတ်ဖို့ စီစဉ် နေပါတယ်။

Lets spend 24 hours with Rain
Rain အိပ်နေတာ၊ အိပ်ရာ ထနေတာ၊ အိမ်ရှင်းနေတာ၊ စားဖတ် နေတာ၊ (အိမ်သာ တက်နေတာ တော့ မပါဘူး ထင်တယ်) အစ ရှိတာ တွေကို မှတ်တမ်းတင် video ရိုက်ပြီး DVD အခွေ ဖြန့်ချီ မှာဖြစ် ပါတယ်။
ရောင်းဈေး ကတော့ တစ်ခွေ ကို US$ 69.00 ဖြစ် ပါတယ်။ ကျပ် ၇၅၀၀၀ လောက်ရှိ မှာပါ၊ နည်းနည်း သီးခံ လိုက်လို့ ယုဇန ပလာဇာ ရောက်လာ ရင်တော့ ကျပ် ၁၂၀၀ လောက်ဖြစ် သွားမှာ ပါ။

Rain sleeping like a cute little shaggy dog
နောက်ဆက်တွဲ သတင်း ကတော့၊ ဟောလီးဝုဒ် နဲ့ ဥရောပ ကို ခြေဦး လှည့် နေရာ ကနေ Rain ဟာ သူ့ရဲ့ အဓိက ပရိသတ် ရှိတဲ့ အာရှ တိုက်ဖက် ကို ပြန်လည် ဂရုစိုက် လာပါတယ်။
ဇွန်လ ၃၀ ရက်နေ့ မှာ Tokyo မြို့ JCB Hall တွင် Rain ဟာ Fan Club တွေ့ဆုံ ပွဲ ပြုလုပ် မှာဖြစ် ပါတယ်။
မကြာခင် က Rain ရဲ့ အနုပညာ လုပ်ငန်းစဉ် တွေ ကမောက်ကမ ဖြစ်နေ စဉ်မှာ၊ ဇွဲရှိရှိ အားပေး ခဲ့ကြ တဲ့ fans တွေကို အသိ အမှတ် ပြုတာ ဖြစ် ပါတယ်။
လောလောဆယ် မှာတော့ Rain ဟာ ဂျာမနီ နိုင်ငံ မှာ Ninja Assassin လို့ အမည် ရှိတဲ့ ရုပ်ရှင် ကားကို ရိုက်ကူး နေ ပါတယ်။
Links
Spend a day (& night!) with Rain
Rain returns to Asia
Tags:
korean actor |
korean news |
korea
Leave your comment