Shin Min-ah ၏ရုပ်ရှင်အသစ်

Shin Min-ah's new movie to be in theaters on 26th June 2008
ဒါရိုက်တာ Kwak Jae-yong ရိုက်ကူး ပြီး မင်းသမီး Shin Min-ah(24) မင်းသား On Ju-wan နဲ့ Yu Gon တို့ ပါဝင်တဲ့ My Mighty Princess အမည် ရှိတဲ့ ရုပ်ရှင် ဇာတ်ကား ကို ၂၀၀၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မှာ ရုံတင် မယ်လို့ သတင်း ရရှိ ပါတယ်။
ရေခဲ hocky အားကစား သမား Joon Mo (played by Yu Gon) ကို ချစ်မီ သွားတဲ့ တက္ကသိုလ် ကျောင်းသူ Sohwee (played by Shin Min-ah) တို့ရဲ့ အားကစား နောက်ခံ comedy/action ဇာတ်လမ်း ဖြစ် ပါတယ်။
Shin Min-ah ရဲ့ အနောက်တိုင်း လက်ဝှေ့ အားကစား နောက်ခံ Punch အမည် ရှိတဲ့ ဇာတ်လမ်း တွဲ တခု လည်း မြန်မာ ပြည်မှာ ပြသွား ဖူး ပါတယ်။

A small faced Shin Min-ah
ရုပ်ရှင် ဖွင့်ပွဲ မှာ တက်ရောက် ခဲ့တဲ့ Shin Min-ah ရဲ့ ပခုံး ကျယ်ကျယ် ဆံပင် တိုတို နဲ့ ပုံကို ပရိသတ် တွေ အကြားမှာ တော်တော် ဆွေးနွေး ခဲ့ကြ ပါတယ်။
ဖွင်ပွဲ နေ့က Shin Min-ah ရဲ့ ဝတ်စား ပုံဖက်ရှင် ကြောင့်သူ့ မျက်နှာ ဟာ ပိုပြီး သေးငယ်တယ်လို့ ထင်ရ ပါတယ်။

Her face looks even smaller between the two lead actors
မင်းသား နှစ်ယောက် ကြားမှာ ညှပ်ပြီး ရိုက်ထားတဲ့ ပုံမှာလည်း မျက်နှာ သေးတာ အလွန် ထင်ရှား နေ ပါတယ်။

ကိုးရီးယား မှာ မျက်နှာငယ်မှ၊ မျက်နှာသေး မှ လှတယ် လို့ ယူဆ ကြ
ပါတယ်။ တခြား နာမည်ကြီး မင်းသမီး တွေကို သတိထား ကြည့်ကြည့် ရင် ၊ အများ စုဟာ
မျက်နှာ ငယ်ကြ တာကို တွေ့ရ ပါလိမ့် မယ်။ လှလည်းလှ မျက်နှာပုံ လည်းငယ် တဲ့သူ တွေကို အထူး အားကျ ကြတယ်
လို့ဆို ပါတယ်။
တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုတဲ့ စကား ကို သတိ ရမိ ပါတယ်။
Links
Shin Mina shoulders through
Shin Mina kicks butt in My Mighty Princess
Tags:
korean movie |
korean actress |
korean news |
korea
Leave your comment