အုပ်စုလိုက်ဖိုက်ပွဲကြီး

Music fans flooded the Jamsil Olympic Stadium
Korean Entertainment Producers Association နဲ့ SBS
တို့က ဦးစီး
ကျင်းပ တဲ့ ၁၄ ကြိမ်မြောက် 2008 Dream Concert ဂီတ ပွဲတော်
ကြီးကို ၂၀၀၈ ခုနှစ် ဇွန်လ ၇ ရက် နေ့က Seoul မြို့ Jamsil Olympic Stadium မှာ
သိုက်မြိုက် စွာ ကျင်းပ ခဲ့ ပါတယ်။
ဒီ ပွဲကို ကိုးရီးယား နာမည် ကြီး အဆို အဖွဲ့ များဖြစ် ကြတဲ့
TVXQ, SS501, Epik High, Super Junior, MC Mong, Jewelry, Maya, Wonder Girls,
Girls Generation, Buga Kingz, Baechigi, Typhoon, Shinee, Mighty Mouth,
Peter စသည့် အဖွဲ့ များမှ တက်ရောက် ဖြေဖျော် ခဲ့ကြ ပါတယ်။
လက်မှတ် တစ်စောင် ကို won 30000 ကျသင့်ပြီး၊ လူ ၃၅၀၀၀ ဆံ့တဲ့
ကွငိးထဲ ကို လူ ၅၀၀၀၀ သွင်းခဲ့ အတွက် ငါးပိသိပ် ငါးချဉ်သိပ် ဖြစ်ပြီး၊ တိုးကြ
ဝှေ့ကြ ရိုက်ကြ နှက်ကြ တွေ ဖြစ်ကုန် ကြတယ် လို့ သတင်းရရှိ ပါတယ်။

Girl Generation Group
ရုပ်အဆိုး ဆုံး ဖြစ်ရပ် ကတော့ အခြား အဆို အဖွဲ့ ပရိသတ် တွေက
Girl Generation သီဆို တဲ့ အချိန် မှာ သပိတ်မှောက် ကြတဲ့ အဖြစ် အပျက် ပါပဲ။
အဆိုအဖွဲ့ အဖွဲ့ အသီးသီး ဆိုနေ ချိန်မှာ တကွင်းလုံး ပုံမှန်
အားပေး နေခဲ့ကြ ပြီး၊ Girls Generation ဆိုတဲ့ အချိန် မှာတော့ တကွင်းလုံး
အမှောင်ချ ပြီး သပိတ် မှောက်ကြ ပါတယ်။ ဒါမျိုး ဘယ်တုံး ကမှ မဖြစ်ဖူး ခဲ့ပါ။

Boycott by fan groups during Girls Generation performance

Only Girls Generation fans are cheering
အဲဒီ အချိန် မှာ Girls Generation ပရိသတ် ကွက်ကွက် ကလေး ပဲ အားပေး နေကြ ပြီး၊
ကျန် တကွင်း လုံးက မှောင်ချပြီး ညိမ်နေ ကြတယ် လို့ ဆို ပါတယ်။ ထို့ပြင် ရန်ပွဲ
တွေလည်း အကြီး အကျယ် ဖြစ်ကြ တယ်လို့ သတင်း ရှိ ပါတယ်။
Links
Behind the Scenes at the 2008 Dream Concert
2008 Dream Concert
Korea Dream Concert 2008, Showcases Unnecessary Fan Behavior
Tags:
korean news |
korean music |
korea
Leave your comment