ကြေကွဲနေတဲ့မင်းသား

Lee Dong Gun with mom and brother
မင်းသား Lee Dong-gun သည် ၂၉.၀၃.၂၀၀၇ ရက်နေ့ ညနေ ၆နာရီ လောက်မှာ ကိုးရီးယား နိုင်ငံ Incheon သို့ ညီဖြစ်သူ ရဲ့ အရိုး ပြာအိုး ကို ပိုက်ပြီး ပြန်လည် ရောက်ရှိ လာ ပါတယ်။
သူဟာ အလွန် ကြေကွဲ နေတဲ့ အသွင် ရှိနေပြီး စောင့်ကြို နေတဲ့ ဆွေမျိုး တွေနဲ့ စကား တိုးတိုး အနည်းငယ် ပြောပြီး နောက် လေဆိပ်မှ ထွက်ခွာ သွား ပါတယ်။
မင်းသား ရဲ့ညီ Lee Joon Yub(19) ဟာ Australia နိုင်ငံ University Of Sydney မှာ ပညာသင် နေတဲ့ ကျောင်းသား တစ်ဦး ဖြစ် ပါတယ်။ ၄င်း ဟာ Sydney မြို့တွင်း ရှိ Hungry Jacks လို့ အမည် ရှိတဲ့
hamburger ဆိုင်ရှေ့ မှာ ၂၀ ရက်နေ့က တရုတ် လူငယ် ၂ ဦးနဲ့ စကား များ ရာကနေ ဒါးနဲ့ အထိုး ခံရပြီး ကွယ်လွန် သွားခဲ့ တာဖြစ် ပါတယ်။

Bringing back a beloved brother
အတူပါ သူငယ်ချင်း မှာလည်း ဒါဏ်ရာ ပြင်းထန် စွာရရှိ သွား ပါတယ်။ အဖြစ် အပျက် အာလုံး ကို surveillance camera
အလုံး ၂၀ ကျော်မှာ မှတ်တမ်း တင်ထား နိုင်ခဲ့ပြီး၊ တရားခံ များကို
၎င်းတို့ စီးနင်း သွားတဲ့ taxi မောင်းသူ ရဲ့ သတင်းပေးချက် အရ၊ ဖြစ်ပွား ပြီး ၁၇ မိနစ် အတွင်းမှာ၊ သိတ်မဝေး လှတဲ့ ဘူတာရုံ တစ်ခုမှာ ဖမ်းမီ ပြီး အရေးယူ ထားတယ် လို့ သီရှိ ရ ပါတယ်။
Lee Dong-gun ဟာ မိဘ များနဲ့ အတူ Australia သို့လိုက် သွားပြီး၊
အသုဘ အခန်းအနား ကို ၂၆ရက် နေ့က Sydney မြို့ မှာ ပြုလုပ် ခဲ့ ပါတယ်။ ၄င်းနောက်
ရုပ်အလောင်း ကို မီးသဂြိုလ် ပြီး အရိုးပြာအိုး နဲ့ အတူ ကိုးရီးယား ကိုပြန် လာကြ
တာဖြစ် ပါတယ်။

Former lover Han Ji Hye
came to console him
နောက်ဆက်တွဲ ရရှိတဲ့ သတင်း ကတော့၊ မင်းသားနဲ့ မကြာမှီ က လမ်းခွဲ
ခဲ့တဲ့ ချစ်သူဟောင်း မင်းသမီး Han Ji Hye ဟာ မင်းသား ပြန်ရောက် တဲ့ ညတွင်း ချင်း
မှာပဲ သွားရောက် အားပေးခဲ့ တယ်လို့ သိရ ပါတယ်။

Lee Dong-gun and Han Ji-hye in SWEET 18
Han Ji Hye ဟာ ကွယ်လွန် သွားတဲ့ ခလေး နဲ့ မောင် အရင်း ပမာ သံရောဇဉ် ရှိခဲ့
တာကြောင့်၊ ဖြေမဆည် နိုင်အောင် မျက်ရည် ကျခဲ့ တယ်လို့ သိရ ပါတယ်။
Links
Lee Dong Gun brings his brotherҒs urn back to Korea
Lee Dong Gun hasn't spoken for days
Tags:
korean actor |
korean actress |
korean news |
korea
Leave your comment