အရက်မသောက်နိုင်တဲ့မင်းသား

Mr. 10 Minutes (alias) Jang Dong-gun
မင်းသား Jang Dong-gun ဟာ မကြာမှီ က ဘီယာ ကြော်ငြာ ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ် က တို့မင်းသား ဘီယာ သိတ်ကြိုက်တယ် ဟေ့၊ တို့လည်း လိုက်သောက် ကြရ အောင်၊ ဆိုပြီး ဘီယာတွေ လိုက်သောက် လိုက်ကြ တာ တအား ရောင်းရ ပါလေရော။ (ဒါက ကြော်ငြာ ကုမ္ပဏီ ရဲ့ ရည်ရွယ်ချက်)
ဒါဖြစ်ရင် မင်းသား တကယ်ပဲ အရက်ကြိုက်၊ အရက်သောက် တတ်သလား? လုံးဝ ပြောင်းပြန် ပါ။
မင်းသားရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း Gong Hyong Jin ရဲ့ အဆိုအရ သူတို့ သူငယ်ချင်း တစ်သိုက် မကြာမကြာ အရက် အတူ သောက်ဖြစ် ကြတယ် လို့ဆို ပါတယ်။
သောက်ကြလို့ ၁၀ မိနစ် လောက် ကြာရင် ဟောက်သံ ကြားရ ပါ လိမ့်မယ်။ ဘယ်သူလဲ ဆိုပြီး ကြည့်လိုက်ရင် ခလော ခလော နဲ့အိပ် နေတဲ့ Jang Dong-gun ကိုတွေ့ ရပါ လိမ်ံမယ် လို့ဆို ပါတယ်။
သူငယ်ချင်း များက မင်းသား ကို Mr. 10 Minutes (ဦး ဆယ်မိနစ်) လို့ အမည်ပြောင် မှည့်ထား တယ်လို့ လည်းဆို ပါတယ်။
Links
Jang Dong Guns Nickname, ғ10 Minutes"
Tags:
korean actor |
korean news |
korea
Leave your comment