အမျိုးသားရတနာဆုံးရှုံးခြင်း

Sungnyemun blazing on 11.02.2008 night
ကိုးရီးယား မှာ ၂၀၀၈
ခုနှစ် ဖေဖဝါရီ လ ၁၁ ရက်နေ့ ညက အမျိုးသား ဆုံးရှုံး မှုကြီး တရပ် ဖြစ်ပွား ခဲ့ ပါတယ်။ Seoul မြို့လည်ခေါင် မှာရှိတဲ့ အမျိုးသား ရတနာ အမှတ် ၁
အဖြစ် သတ်မှတ် ထားတဲ့ Sungnyemun Gate အဆောက် အအုံ ကြီးဟာ လုံးဝ မီးလောင် ပျက်စီးသွား ပါတယ်။
ဒီ အဖြစ်အပျက် ကြောင့် ကိုးရီးယား တနိုင်ငံ လုံး နှမြောတသ ဝမ်းနည်း ကြေကွဲ လျှက်ရှိ ပါတယ်
Sungnyemun Gate ဟာ ၁၃၉၂-၁၉၁၀ Joseon မင်းဆက် လက်ထက် က Seoul မြို့ ကိုပတ် ပြီးတည်ဆောက် ထားခဲ့တဲ့ မြို့ရိုး ရဲ့ တောင်ဘက် မြို့တံခါး ပေါက် ဖြစ် ပါတယ်။ သက်တမ်း အားဖြစ် လည်း နှစ်ပေါင်း ၆၀၀ ကျော်ပြီး ဖြစ် ပါတယ်။
A concert commemorating the 60th anniversary of liberation from Japanese colonial rule is being held at the Sungnyemun in downtown Seoul on Aug. 15, 2005 |
၁၁ ရက်နေ့ ည ဂ နာရီ ၅၅မိနစ် မှာ မီးစတင် လောင်ခဲ့ ပြီး ၅ နာရီ ကျော်ကြာ မီးဟုန်ဟုန် တောက်လောင် ခဲ့ ပါတယ်။ မီးသတ် သမား ၁၀၀ ကျော် ဟာ မီးသတ် ကား ၆၀ ကျော် အသုံးပြုပြီး ငြိမ်းသတ် ကြသော်လည်း မည်သို့ မှ မတတ် နိုင်ခဲ့ ကြပါ။

The charred remain of Sungnyemun
မျက်မြင် သက်သေ များရဲ့ ထွက်ဆိုချက် အရ ရှို့မီး လို့ ယူဆ ထား ပါတယ်။ လိုအပ်တဲ့ ကြိုတင် ကာကွယ်မှု များ လုပ်ဆောင် ရန် ပျက်ကွက် ခဲ့တယ် လို့
အစိုးရ ကိုလည်း အများက ပစ်တင် ဝေဖန် နေကြ ပါတယ်။
နောက်ဆုံး ရရှိတဲ့ သတင်း အရ အသက် ၇၀ ကျော် အရွယ်ရှိ အဖိုးအို တစ်ဦး ဟာ မြေယာ
ပိုင်ဆိုင် မှုနဲ့ ပတ်သက် ပြီး အာဏာ ပိုင်များ အပေါ် မကြေနပ် ဖြစ်ကြီး မီးရှို့
ခဲ့တာ ဖြစ်တယ် လို့ သတင်း ရရှိ ထား ပါတယ်။
Links
2/11/08 Chosun Ilbo article
2/11/08 JoongAng Daily article
2/11/08 Yonhap News article
2/11/08 KBS World article
Tags:
korean news |
korea
Leave your comment