ငါးရက်နှင့်စံချိန်တင်တဲ့ဇာတ်ကား

Movie - Lovers of Six Years
မင်းသမီး Kim Ha-neul နဲ့ မင်းသား Yoon Kye-sang တို့ သရုပ်ဆောင် ထားတဲ့ Lovers of Six Years အမည်ရှိ တဲ့ ရုပ်ရှင် ဟာ ၅ရက် အတွင်း ရုံတင်ဆဲ ရုပ်ရှင် တွေထဲမှာ နံပတ် တစ် နေရာ ကို ရောက် သွား ပါတယ်။
Kim Ha-neul ဟာ နာမည်ကျော် My Tutor Friend ရုပ်ရှင် ကားမှာ အလွန် နာမည်ကြီး ခဲ့တဲ့ မင်းသမီး ဖြစ် ပါတယ်။
ဒီကားရဲ့ ထူးခြားချက် ကတော့ ယခု ကာလ ပြောင်းလဲ နေတဲ့ ယဉ်ကျေး ဓလေ့ စရိုက် ကိုထင်ဟပ် ပြ နေခြင်း ပါပဲ။
များမကြာ မှီ ကာလ အထိ အတွဲတစ်တွဲ ဟာ လက်မထပ် မှီ ပြောင်ပြောင် တင်းတင်း နေထိုင်ခြင် (living together) ကို ကိုးရီးယား လူ့ဘောင် မှ လက်မခံ ပါဘူး။ ယခုခေတ် မှာတော့ living together ဟာ ထမင်းစား ရေသောက် လို ဖြစ်နေ ပါပြီး။

Kim Ha-neul and Yoon Kye-sang
ရုပ်ရှင် ဇာတ်လမ်း ကတော့ ၆နှစ်ကြာ living together လုပ်လာ ကြတဲ့ စုံတွဲ တစ်တွဲ ဟာ တဦးနဲ့တစ်ဦး ငြီးငွေ့ လာကြ တဲ့နောက် ဖြစ်ပေါ် လာတာ တွေကို ထင်ဟပ် ထားတာ ဖြစ် ပါတယ်။
Living together ဓလေ့ကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က မေးခွန်းထုတ် ခဲ့ရင်၊ မကြားဝံ့ မနာသာ၊ နားရှက် စရာကြီး ဖြစ်တယ် လို့ တုန့်ပြန်ကြမှာ ဖြစိ ပါတယ်။
ဒီကားဟာ Living together ကြောင့် ပေါ်ပေါက် လာတဲ့ ပြသနာ တွေကို စစ်ကျော ထားတဲ့ အတွေးအခေါ် နောက်ခံ ရုပ်ရှင် ကားတစ်ကား ဖြစ် ပါတယ်။
Links
Lovers for Six Years tops the box office
Movie review of - Lovers of Six Years
Tags:
korean movie |
korean news |
korea
Leave your comment