ကူညီကြတဲ့အနုပညာသည်များ

Rain Bi
ပြီးခဲ့တဲ့ ဒီဇင်ဘာ လ အတွင်းက ကိုးရီးယား ကျွန်းတွယ်၊ အနောက်ပိုင်း Taean ပင်လယ် ကမ်း ရိုးတန်း မှာ ရေနံတင် သင်္ဘော ကြီးတစ်စီး အခြားသင်္ဘေား တစ်စင်း နဲ့တိုက် ပြီး ရေနံ စီပေါင်း ၇,၈၉၂၀ ခန့် ယိုဖိတ် ခဲ့ ပါတယ်။
အကျိုးဆက် ကတော့ ကျယ်ဝန်းတဲ့ ပင်လယ် ရိုးတမ်း ကြီးတစ် ခုလုံး ရစရာ မရှိအောင် ပျက်စီး ပြီး ငါးဖမ်း လုပ်ငန်းများ၊ ရေဝေ တောများ၊ ငါးနဲ့ တိရီစ္ဆန် အများ အပြား ပျက်စီး ခဲ့ရ ပါတယ်။

Bada
ပေကျံ နေတဲ့ ရေနံ တွေကို စက်ယန္တယား မရောက် နိုင်တဲ့ နေရာ တွေမှာ၊ လူတွေ ကိုယ်တိုင် လက်နဲ့ ခြစ်ထုတ် သုတ်သင် ရပါတယ်။ ငှက်ကလေး တွေဆို ရင်တစ် ကောင်ချင်း သန့်ရှင်း ရေး လုပ်ပေး ရလို့ အချိန်ကုန် ပြီး လက်ဝင်တဲ့ အလုပ် ဖြစ် ပါတယ်။
ဒီလုပ်ငန်း တွေ အတွက် စေတနာ့ ဝန်ထမ်း ၁.၁ သန်း လောက် ယနေ့ အထိ လုပ်အား ပေးခဲ့ ကြပြီး ဖြစ်တယ် လို့ သိရ ပါတယ်။

Han Hye-joo
Volunteers တွေ ထဲမှာ ပြည်ချစ် အနုပညာ သည် အများအပြား ပါဝင် ကြ ပါတယ်။ တချို့က ထင်ထင် ပေါ်ပေါ် လာသလို တချို့က၊ အမည်မ ဖေါ်ပဲ လုပ်အား လာပေး သွားကြ ပါတယ်။
Rain, Bada, Park Sun woo, Han Hyo Joo, Kim Haena, Kim Kang woo, Kim Hyesung, Yoon Joon sang, Lee Gyung gyu, Boom, Lee Yoon Shik, Kim Goora, Park Jin Hee စတဲ့ အနုပညာ သည် အများ အပြား ပါဝင် လုပ်အား ပေးကြ ပါတယ်။

Kim Hye-sung
အနုပညာ သည်တွေနဲ့ အခြား စေတနာ ရှင် တွေဟာ ငွေအများ အပြား ကိုလည်း လှူကြ ပါတယ်။ Rain ဆိုရင် won 300 million လှူတယ် လို့ သတင်း ရရှိ ပါတယ်။
Links
Korean Celebrities to the Rescue
Rain Donates 300 Million Won to Oil Spill Cleanup
Tags:
korean actor |
korean actress |
korean singers |
korean news |
korea
Leave your comment