ဥာဏ်ကျယ်လေး

Actor Kim Jeong-hoon
မင်းသား ဆိုတာ ရုပ်လှလှ ကြွကြွ လေးရှိပြီး၊ သဘာဝ ကျကျ အိုက်တင် ပေး တတ်ရင် ပြီးတာပဲ ပေါ့။ ဒါပေမဲ့ မင်းသား Kim Jeong-hoon ကတော့ ထူခြား တဲ့ အခြား အရည်အချင်း တွေရှိ ပါသေးတယ်။ အဲဒါ ကတော့ အထူး ဥာဏ်ကောင်း ခြင်း ပါပဲ။
ဂျပန် ရုပ်မြင် သံကြား Fuji TV ရဲ့ (math quiz) ဥာဏ်စမ်း အစီအစဉ် ဖြစ်တဲ့ "Takeshi Kitano Presents Comaneci University Mathematics" မှာ မကြာမှီ က ပါဝင် ယှဉ်ပြိုင် ခဲ့ ပါတယ်။
ဒီ ပြိုင်ပွဲ မှာ မင်းသား နဲ့အတူ USA က တစ်ယောက်၊ အာဖရိက က တစ်ယောက်၊ ဂျပန် က လေးယောက် တို့ ပါဝင် ယှဉ်ပြိုင် ကြ ပါတယ်။ ပွဲပြီးတော့ ပထမ ရတဲ့ အမှတ်တူ နှစ်ယောက် ထဲမှာ Kim Jeong-hoon ပါနေ ပါတယ်။

Kim Jeong-hoon " Princess Hours" TV Drama
Kim Jeong-hoon ဟာ နာမည်ကျော် TV ဇာတ်လမ်းတွဲ Princess Hours (also known as Goong) မှာ ဒုတိယ မင်းသား အဖြစ် သရုပ်ဆောင် ခဲ့တဲ့ သူ ဖြစ် ပါတယ်။
ဒီလို အနိုင် ရတာ ပထမဆုံး အကြိမ် မဟုတ် သေးပါ၊ Seoul National University ကျောင်းသား တစ်ဦး ဖြစ်ခဲ့ Kim Jeong-hoon ဟာ၊ "Brain Survival" လို့ အမည်ရှိတဲ့ ဥာဏ်စမ်း TV အစီအစဉ် တစ်ခု မှာလည်း ပထမ ရခဲ့ဘူး ကြောင်း သိရ ပါတယ်။
Links
Kim Jeong-hoon Wins Japanese Math Quiz Show
Profile of Kim Jeong-hoon
Princess Hours(Goong)
Tags:
korean actor |
korean news |
korea
Leave your comment