DJ-လုပ်တဲ့မင်းသမီး

DJ (actress) Choi Kang-hee
အဆိုတော် MayBee ဟာ KBS Cool FM show ရဲ့လက်ရှိ DJ (သီချင်းတင်ဆက်သူ) ဖြစ်ပါတယ်။ သူဟာ vocal cord ခွဲစိပ် မှု အတွက် ခေတ္တ ခွင့်ယူ ရမှာ ဖြစ် ပါတယ်။
သူ့ နေရာကို မင်းသမီး Choi Kang-hee က ခေတ္တ လူစား ဝင်ပေးမှာ ဖြစ် ပါတယ်။
အခု အစား ဝင် ပေးတဲ့ DJ အလုပ် ဟာ လွန်ခဲ့ ၁၄ လ အထိ မင်းသမီး Choi Kang-hee လုပ်လာ ခဲ့တဲ့ အလုပ် ဖြစ် ပါတယ်။
MayBee ခွဲစိပ် ဖို့ရှိ တော့၊ ခဏ အစားဝင် ပေးနှိုင် မလားလို့ KSB က Choi Kang-hee ထံ လှမ်းမေး ပါတယ်။ သူ့ ယခင် ပရိသတ် အပေါ် သံရောဇဉ် မပြတ် နိုင်တဲ့ မင်းသမီး
ဟာ အလုပ်တွေ မအားလပ် တဲ့ကြား က ဝမ်းသာအာ။ရ ပဲ လက္ခံ ခဲ့ ပါတယ်။

ပဲပေါင်မုန့် (Sweet Buns)
မကြာမှီ က မြဝတီ မှာပြ သွားတဲ့ ပဲပေါင်မုန့် တီဗွီ
ဇာတ်လမ်းတွဲ ကို မှတ်မိကြ ပါ သလား။ Choi Kang-hee ဟာ အဲဒီထဲ က ခေါင်းဆောင်
မင်းသမီး ပဲဖြစ် ပါတယ်။
Choi Kang-hee ဟာ မကြာမှီ ကလည်း ထူးခြားတဲ့ ဒါန တခုကို ပြုခဲ့ ပါတယ်။
သူ့ရဲ့ ရိုးတွင်း ချင်ဆီ ကိုထုတ် ပြီး leukemia ဖြစ်နေတဲ့
ရောဂါသည် ခလေး တစ်ယောက် ကို bone marrow transplant လုပ်ဖို့ လှူ ခဲ့
ခြင်းပဲ ဖြစ် ပါတယ်။

Actress Choi Kang-hee
လောလော ဆယ်မှာ ရိုက်ပြီးစ My Love အမည် ရှိ ရုပ်ရှင် အတွက် promotion ဓါတ်ပုံ တွေ ရိုက် နေဆဲ ကာလ လည်းဖြစ် ပါတယ်။ အခုလို
မအားလပ် တဲ့ကြား က DJ ပြန်လုပ် ပေးတာ
ဟာ ပရိသတ် ကို ဘယ်လောက် ခင်တွယ် တယ်ဆို တာ ပြသမှု တစ်ခု ပဲဖြစ် ပါတယ်။
Links
Choi Kang-hee to Fill In as Radio DJ KBS Cool FM show
Actress Choi Kang-hee donates bone-marrow (koreatimes.co.kr)
Choi Gang-hee Donates Bone Marrow (kbs.co.kr)
Profile of Choi Kang-hee
Sweet Buns (TV Drama)
Tags:
korean actor |
korean news |
korea
Leave your comment