လဘက်ရည်ဆိုင်ထောင်တဲ့မင်းသမီး

Dae Jang-geum သို့မဟုတ် Jewel in th Palace (နန်းတွင်ရတနာ) ဇာတ်လမ်းတွဲ က ချန်ဂင် ဆိုရင် အားလုံး သိကြ ပါတယ်။ အလားတူ ချန်ဂင် အဖြစ် သရုပ်ဆောင် ခဲ့တဲ့ မင်းသမီး Lee Young-ae ကိုလည်း သိကြ ပါတယ်။
ကိုးရီးယား ခရီးသွား လုပ်ငန်း (Tourist Industry) ဟာ ချန်ဂင် နဲ့ Lee Young-ae ကို ဘန်းပြပြီး ကိုးရီးယား အစားအစာ (Korean Culinary)ကို ကမ္ဘာ သိ ကမ္ဘာ ကြိုက် ဖြစ်အောင် အကြီး အကျယ် မောင်းတီး ကြော်ငြာ ခဲ့ ပါတယ်။
Lee Young-ae ဟာ အာရှ မြို့တော် အများ အပြား မှာ လဘက်ရည် ဆိုင်တွေ (coffee house chain) ထောင် ဖို့ စီစဉ် နေ ပါတယ်။ ဒီဆိုင် တွေမှာ ကိုးရီးယား အစားအစာ တွေကို လည်း ရောင်ချ မှာ ဖြစ် ပါတယ်။

နောက်လ မှာ အသက် ၃၇ နှစ် ရှိတော့ မှာဖြစ်တဲ့ Lee Young-ae ဟာ၊ သူရဲ့ ရှေ့ရေး အတွက် အစီအစဉ် ချနေ ပုံရ ပါတယ်။ ချန်ဂင် ကိုယ်တိုင် စားသောက် ဆိုင်ဖွင့် တာ ဆိုတော့ အောင်မြင် ဖို့ က သေချာ ပါတယ်။
အလားတူ ပဲ နာမည်ကျော် ကွန်ဖူး မင်းသားကြီး Jackie Chan ဟာ China, Singapore နဲ့ Malaysia တို့မှာ Jackie Chan's Cafe အမည် နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ လက ဆိုင်တွေ ဖွင့်ခဲ့ ပါတယ်။
ကမ္ဘာ့ မင်းသမီး မင်းသား အတော် မျာများ ဟာ စားသောက်ဆိုင်၊ ဖက်ရှင် လုပ်ငန်း၊ အလှကုန်၊ ကာယ အလှ လုပ်ငန်း တွေနဲ့ စည်းပွား ဖြစ်နေ ကြတာ တွေ့ ရ ပါတယ်။
Links
Lee Young-ae to Open Coffeehouse Chain
Tags:
korean actress
korean news
korea
Leave your comment