အဖေဖြစ်ပြီးမှလက်ထပ်တဲ့မင်းသား

အများ လက်ခံ နိုင်တဲ့ ထုံးတမ်း စဉ်လာ အရ ဆိုရင်၊ ကိုယ့် ချစ်သူ မှာ ကိုယ်ဝန် ရှိနေ ရင်၊ အခြေ အနေ မဆိုးမှီ အချိန်မှီ လက်ထပ် ကြရ မှာဖြစ် ပါတယ်။
မင်းသား Jung Hyuk ကတော့ ပြောင်းပြန် ပါ။ ပြီးခဲ့တဲ့ ၂၀၀၇ ဇွန်လ က စေ့စပ် ပါတယ်၊ သူ့ချစ်သူ Kim Yeo-jin(33) ဟာ လာမဲ့ ဖေဖဝါရီ လမှာ ခလေး မွေးမှာ ဖြစ်ပြီး၊ ၂၀၀၈ ဇွန်လ ၂ ရက်နေ့ မှာ လက်ထပိကြ မှာဖြစ် ပါတယ်။
(စေ့စပ် -->လက်ထပ်-->ခလေးမွေး) မဟုတ်ပဲ (စေ့စပ် -->ခလေးမွေး-->လက်ထပ်) ဆိုတော့၊ sequence က နည်းနည်း အောက် နေ ပါတယ်။
ကိုးရီးယား မင်းသား မင်းသမီး လောက မှာ ထုံးစံ မရှိတဲ့ ကိစ္စ ဖြစ်လေ တော့ သတင်းစာ ထဲမှာ သတငိး ရေးစရာ သတင်း တပုဒ် ဖြစ်လာ ရ ပါတယ်။

Jang Hyuk(31) announced that he will be a father
မင်းသား ဟာ ၂၀၀၂ ခုနှစ်က fitness center တစ်ခု မှာ ပုံမှန် လေ့ကျင့်ခဏ်း ယူစဉ် က နည်းပြ ဆရာမ တစ်ဦး ဖြစ်တဲ့ Kim Yeo-jin(33) နဲ့ တွေ့ပြီး ချစ်ကြိုက် လာခဲ့တာ ဖြစ် ပါတယ်။
ရှေး မြန်မာတွေ သုံးနှစ် သုံးမိုး ချစ်ကြ တာထက် တောင် ကြာတဲ့ သမီးရီးစား တွေဖြစ် ကြ ပါတယ်၊ လက်ထပ် ပြီးတဲ့ အခါ၊ ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းသင်း ကြရ ပါစေ လို့၊ ကြိုတင်ပြီး ဆုတောင်း ပေးအပ် ပါတယ်။
Links
Traditional order of marriage first and then have a baby
Profile of Jung Hyuk
Tags:
korean actor |
korean news |
korea
Leave your comment