လူသိနည်းခဲ့တဲ့မင်းသမီး

Han Eun-Jung with her sexy underwear lookӔ
မင်းသမီး Han Eun-Jung ဟာ ၁၉၉၉
ခုနှစ်၊ သူ့အတက် ၁၉ နှစ်မှာ Boss အမည် ရှိတဲ့ drama မှာ မထင်မရှား ဇာတ်ပို့ လေး
အနေနဲ့ ပါဝင် ပြီး သူ့ရဲ့ အနုပညာ ဘဝကို စတင် ခဲ့ ပါတယ်။
ဒီနောက် ပိုင်းမှာ drama ၉ ခုနဲ့ movie ၂ ခု မှာ ပါဝင် သရုပ်ဆောင် ခဲ့ရ ပေမဲ့၊ လူသိ
ထင်ရှား ဘဝကို မရရှိ ခဲ့ ရှာပါဘူး။
၂၀၀၄ ခုနှစ် မှာ ပြသခဲ့တဲ့ Rain, Song Hye-gyo(အွန်စော) တို့ နဲ့ အတူ Full House
(ချစ်စံအိမ်) ဇာတ်လမ်းတွဲ မှာ ပါဝင် ပြီးတဲ့ အခါ ကျမှ ထင်ရှား လာခဲ့ ပါတယ်။

A graceful body line
Full House မှာ ဖက်ရှင် တာဝန်ခံ ဖြစ်သူ Nam Ju-hee က Han Eun-Jung ကို sexy underwear look
လို့ သူမ က အမည် ပေးထားတဲ့ ခပ်ဖေါ်ဖေါ် style ဖမ်းပေးပြီး၊ ရိုးရိုးလေး Song Hye-gyo
နဘေးမှာ ယှဉ်ပြီး ပြသ ပေးခဲ့ ပါတယ်။
ဒီ နောက်ပိုင်း မှာ လူတွေဟာ Han Eun-Jung ရဲ့ ကျော့ရှင်း တဲ့ ခန္ဓာ ကိုယ်ကို အထူး
သတိပြုမိ လာခဲ့ ကြပြီး TV ကြော်ငြာ တွေ အများအပြား ရိုက်ကူး လာခဲ့ ရ ပါတယ်။

ရာနဲ့ချီတဲ့ သူမရဲ့ ကြော်ငြာ video clip တွေကို ဒီ (link)
မှာ ကြည်နိုင် ပါတယ်။ ထို့ပြင် Core in Body လို့ အမည် ရှိတဲ့ ခန္ဓာ ကိုယ်
လေ့ကျင့်ခန်း video ခွေ ဟာလည်း အတော် နာမည် ကြီးခဲ့ ပါတယ်။
ԠHan Eun-Jung ဟာ ခန္ဓာကိုယ် နဲ့ ရုပ် ပြစားတဲ့ မင်းသမီး မဟုတ်ပဲ၊ သရုပ်ဆောင်
တော် တဲ့ မင်းသမီး ဖြစ်ချင်တဲ့ ဆန္ဒ ပြင်းပြခဲ့ ပါတယ်။

In TV drama 'The Person I Love' (2007)
၂၀၀၆ ခုနှစ် မှာ ပြခဲ့တဲ့ Seoul1945 မှာတော့ အများက သူမကို သရုပ်ဆောင် မင်းသမီး
တလက် အဖြစ် အသိအမှတ် ပြုခဲ့
ကြတဲ့ အပြင်၊ သရုပ်ဆောင် ဆု တစ်ဆု ပါရရှိ ခဲ့ ပါတယ်၊
၂၀၀၇ ခုနှစ် မှာ My Dearest Love အမညိ ရှိတဲ့ တီဗွီ ဇာတ်လမ်းတွဲ ကို ရိုက်ခဲ့
ပါတယ်။
Han Eun-Jung တစ်ယောက် ဆက်လက် တိုးတက် အောင်မြင် ပါစေလို့ ဆုတောင်း ပေးအပ် ပါတယ်။
Links
Lesser Known Korean Stars - Han Eun-jeong
Commercial Video Clips of Han Eun-jeong
Body beauty howto video [Core in Body]
Full House TV Drama
Seoul 1945 TV Drama (2006)
The Person I Love TV drama (2007)
Personnel Profile of Han Eun-jeong
Tags :
korean news |
korean actress |
korea
Leave your comment