ကြိုက်မှကြိုက်တဲ့မင်းသား

A scene from 'Taewangsasingi
(The Four Guardian Gods of the King)
ဂျပန်အမျိုးသမီး တွေ Yonsama လို့ ချစ်စနိုး ခေါ် ကြတဲ့ မင်းသား Bae Yong-joon ရဲ့ နောက်ဆုံး ဇာတ်လမ်းတွဲ Taewangsasingi
ဟာ အခု တလော ဂျပန်မှာ အတော်
စမ်းပွင့် နေ ပါတယ်။
ဒီကား ကို ကမ္ဘာ မှာ တခါမှ မစမ်းသပ် ဖူးသေးတဲ့ နည်းလမ်းနဲ့
24-episode စလုံးကို ရုပ်ရှင် ရုံကြီးမှာ ဖလင်နဲ့ ပြသတာ ဖြစ် ပါတယ်။ တစ်တွဲ ကို
မိနစ် ၇၀ လောက် ပြရတဲ့ အတွဲ ၂၄ တွဲ စလုံး ကို ရုံကြီးမှာ ဆက်တိုက် ကြည့်နိုင်
ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ် ပါဘူး။

Actor Bae Yong-joon
ဒီဇင်ဘာ လဆန်း က ၁၀ ရုံနဲ့ စ ခဲ့တာ လကုန်ကြတော့ ရုံ ၃၀ အထိ တိုပြီး ပြရ တဲ့
အထိ အောင်မြင် ခဲ့ ပါတယ်။ ပထမ နေ့မှာ ပရိသတ် ၂၀၀၀၀ ကျော် ဟာ တစ်ဦး ကို US$ ၂၂
လောက် ပေးပြီး အားပေး ခဲ့ကြ ပါတယ်။
ပရိသတ် အများအပြား ဟာ ၂၄ တွဲစလုံး ကြိုတင် လက်မှတ် ဖြတ်ထား ကြပြီး ဖြစ် ပါတယ်။
ရုံကြီးထဲမှာ ကြည့်ရတဲ့ အခါ၊ အသံရော ရုပ်ပါ၊ နာမည်ကျော် အမေရိကန် ကား The Lord of
the Ring ကိုမှီတယ် လို့ မှတ်ချက် ပြုကြ ပါတယ်။

Taewangsasingi
(The Four Guardian Gods of the King)
ရုံတင် ပြသ ပြီးတဲ့ အခါမှာ Won 10 billion မြတ်
မယ်လို့ ခန့်မှန်း ထားကြောင်း စီစဉ် တင်ဆက် သူများ က ပြောသွား ပါတယ်။
ထို့ပြင် ဒီဇင်ဘာဘ ၃ ရက်နေ့ ကစတင် ပြီး၊ high-resolution cable channel
တွေမှာ လည်း စင်ပြိုင် ပြသနေ ပါတယ်။ ကြည့်ရှုသူ ၃၀ ရာနှုံး ကျော် လိမ့်မယ် လို့
တစ်ပေး ထား ပါတယ်။
Legend လို့လည်း ခေါ်တွင် တဲ့ဒီ ဇာတ်လမ်းတွဲ ဟာ US$43 millions
ကုန်ကျ ခဲ့ ပါတယ်။ Jumong ဘုရင်ကြီး တည်ထောင် ခဲ့တဲ့ Goguryeo မင်းဆက် ရဲ့ ၁၉
ဆက်မြောက် ဘုရင်ကြီး Dam Duk ရဲ့ အကြောင်း ကို နောက်ခံ ပြုပြီး ရိုက် ထား ပါတယ်။
ဒါရိုက်တာ Kim Jong Hak ရိုက်ကူးတဲ့ ဒီဇာတ် လမ်းတွဲ မှာ နာမည်
ကျော် မင်းသား Bae Yong Joon နဲ့ မင်းသမီး အသစ် Lee Ji Ah တို့ ပါဝင် သရုပ်ဆောင်
ထား ပါတယ်။
Links
KOREAN TV SERIES BREAKS NEW GROUND IN JAPAN
Bae Yong Joon neglects The Legend ғto rest
Bae Yong Joon is back with TheLegend
The Legend, Bae Yong Jun&'s latest drama


Profile, pictures, articles and video clips of Bae Yoog-joon
Tags : :
korean actor |
korean drama |
korean news |
korea
Leave your comment