အမေများအဖေများ

Yun Eun-hye and her baby?
ဒုတိယ ကမ္ဘာစစ် ပြီးစ ကနေ မကြာခင် အချိန်အထိ၊ ကိုးရီးယား ဟာ ဆင်းရဲတဲ့ နိုင်ငံ
တနိုင်ငံ ဖြစ်ခဲ့ ပါတယ်။
ထိုသို့ ဆင်းရဲ ခဲ့စဉ်က ပြည်တွင်း မှာရှိနေတဲ့ မိဘမဲ့ ခလေး တွေကို၊ ချမ်းသာတဲ့
အမေရိကန်၊ ဥရောပ စတဲ့ နိုင်ငံ များသို့၊ မွေးစားရန် အများအပြား ပို့ခဲ့ ပါတယ်။

Top L to R- Han Hye-jin, Jang Hyuk, Kim Jung-eun,
Bottom L to R- Lee Mi-yeon, Park Jung-ah,
Yun Eun-hye
ယခုအခါ မှာ ချမ်းသာ လာပြီး ဖြစ်တဲ့ ကိုးရီးယား နိုင်ငံ အနေနဲ့ မိမိ လူမျိုး ခလေး
ငယ် တွေကို နိုင်ငံခြား ပို့ပစ် ချင်စိတ် နည်းလာ ပါတယ်။
ပြည်တွင်းမှာ ခလေး မွေးစား ချင်သူ များပြား လာအောင် ဆွဲဆောင် ရန် အတွက်၊ နာမည်ကျော်
မင်းသား မင်းသမီး တွေကို သုံးပြီး ဆွဲဆောင် စည်းရုန်း ဖို့ နိုင်ငံတော် အစိုးရမှ
ဆောင်ရွက် နေ ပါတယ်။
ဒီနှစ် အတွက် စည်းရုန်းရေး ပိုစတာ တွေမှာ ခလေးငယ် များနဲ့ တွဲပြီး ဓါတ်ပုံ ရိုက်ပေး
ကြမည့် သူများ ကတော့ Lee Mi-yeon, Yun Eun-hye, Joo Ji-hoon, Kim Jung-Eun,
Jang Hyuk, Park Jung-a, Lee Seung-ki, Wondergirls, Suh Kyeong-suk တို့ ဖြစ်ပြီး
ဓါတ်ပုံ ဆရာကတော့ Cho Sei-hon ဖြစ် ပါတယ်။

Joo Ji-hoon and the cute suckling baby
ဒီပုံ တွေကို Insa-dong ဒေသ မှာရှိတဲ့ Insa Art Center
(Gana Art Gallery) မှာ ဒီဇင်ဘာလ ၁၂ ရက် ကနေ ၁၉ ရက်နေ့ အတွင်းမှာ ချိတ်ဆွဲ ပြသ
သွားမှာ ဖြစ် ပါတယ်။
Links
Stars want adoptions to stay in Korea
Tags :
korean actor |
korean actress |
korean news |
korea
Leave your comment