မင်းသမီးနဲ့ပရဟိတလုပ်ငန်း

Kim Tae-hee doing volunteer work
မင်းသမီးချော Kim Tae-hee ဟာ နိုင်ငံခြား မှ လာရောက် လုပ်ကိုင်
နေတဲ့ အလုပ်ကြမ်း သမားများ (foreign laborers) ကို နံနက်စာ ကြွေးမွေး တဲ့ ပရဟိတ
လုပ်ငန်း တခုမှာ ပါဝင် လုပ်အားပေး ခဲ့ ပါတယ်။
ဒီလိုလုပ် တာကို နာမည် ကြီးအောင် ထွင်တာပါ လို့ တချို့က ပြောကြ
ပါတယ်။ မလုပ်တဲ့ မင်းသား မင်းသမီး တွေကျ ပြန်တော့ လည်း၊ လူမှုရေး နားမလယ် ဘူး၊
ဘဝင်ကိုင်တယ် လို့ ကဲ့ရဲ့ ကြပြန် ပါတယ်။ ဒါမျိုးတွေ ကတော့ နာမည်ကြီးတွေ ခံစား
ကြရတဲ့ အကုသိုလ် တမျိုး ပါပဲ။

Stunning Kim Tae-hee
Kim Tae-hee ပရဟိတ လုပ်ငန်း လုပ်တဲ့ အကြောင်း သတင်း ကို
popseoul.com မှာ
Kim Tae-hee breaks into a sweat for foreignlaborers ရယ်လို့ ခေါင်းစဉ်
တပ်ပြီး blog ရေးသူက၊ သတင်း ဖေါ်ပြ ခဲ့ ပါတယ်။ စာရေးသူဟာ အဆုံးသတ် မှာ beggars
cannot be choosers (သူတောင်းစား များမှာ ရွေးချယ်စရာ မရှိပါ) လို့ အင်္ဂလိပ် လို
တင်စား ပြီး ရေခဲ့ ပါတယ်။
ဒါဟာ နိုင်ငံခြား ကလာပြီး ရိုးရိုး သားသား လာရောက် လုပ်ကိုင်
စားသောက် နေသူတွေ ကို စော်ကား တာဖြစ် ပါတယ် ဆိုပြီး ပွက်ကလော ရိုက်ကုန် ပါတယ်။

Kim Tae-hee doing volunteer work
Internet ပေါ်မှာ တက်ပြီး စာရေး တဲ့ သူတိုင်းဟာ၊ စာရေး ဆရာများ
ကျင့်ဝဋ် ကို လိုက်နာ ကျင့်သုံး ရန် လိုတယ် ဆိုတဲ့ သာတက ပါပဲ။ တင်စား
ခိုင်းနှိုင်းမှု နေရာ မှားရင် ဒေါသသင့်တယ် လို့ မြန်မာစာပေ အရေးအဖွဲ့ မှာ
ဆိုရိုး ရှိပါတယ်၊ ဘယ်သာသာ နဲ့ပဲ ရေးရေး ဒီကိစ္စ မျိုးကို သတိမူ ရ ပါမယ်။
Links
Kim Tae-hee breaks into a sweat for foreign laborers
Tags :
korean news |
korean actress |
korea
Leave your comment