မင်းသားချော-Song Il-gook

Actor Song Il-gook
ဒီနေ့တော့ မြဝတီ ကလာ နေတဲ့ ရာဇဝင်တွင်တဲ့သူရဲကောင်း
ဇာတ်လမ်း တွဲမှ ခေါင်းဆောင် မင်းသား Song Il-gook(36)
အကြောင်းရေး လို ပါတယ်။
ရာဇဝင်တွင်တဲ့ သူရဲကောင်း ဟာ အင်္ဂလိပ် လို
The Book of Three Han (သို့) Jumong အမည်ရှိ ပြီး၊ ဒီကားမှာ
ဇာတ်လိုက် Song Il-gook
ဟာ လျှမ်းလျှမ်းတောက် နာမည် ကြီး လာ ပါတယ်။ တချို့က သူ့ကို Second Korean Wave
မင်းသား လို့ပင် တင်စား ကြ ပါတယ်။
Jumong ကားမှာ၊ အစပိုင်း မှာ ပေါတောတော အူတူတူ နဲ့ ဘာမှ အလေးအနက် မရှိတဲ့၊
လူ့ဘော်ကျော့၊ င်္ပုအပြည့် နဲ့ စခဲ့ပြီး၊ နောက်တော့ တဖြေးဖြေး ရင့်ကျက် လာတယ်၊
နောက်ဆုံး ခန်းတွေ ကျတော့ အလွန် လေးနက် တည်ကြည် တဲ့ စစ်ဘုရင် တစ်ဦး အသွင် အပြည့်
ဖြစ် လာပါတယ်။
ဒါဟာ အလွန်မှ ခက် ပါတယ်။ အများအား ဖြင့် တကားလုံး လူဆိုး သို့မဟုတ် လူကောင်း
လုပ် ရတာ လွယ် ပါတယ်။ အခုဟာက တဖြေးဖြေး စရိုက် ပြောင်းရ တာပါ။

Song Il-gook and Han Hye-jin in Jumong
လောလောဆယ် အာရှ တခွင်ရဲ့ channel အများ စုမှာ Jumong ဇာတ်လမ်းတွဲ ပြနေတာ တွေ့ရ
ပါမယ်။ (မြန်မာပြည် အပါအဝင်)။ Internet search ၂၅၀,၀၀၀ လောက် သူ့အမည် နဲ့ search
လုပ်ထား တယ် လို့လည်း စစ်တမ်းကောက် သူများ ကပြော ပါတယ်။
50 youtube video clips relating to Jumomg
Jumong ရိုက်ကွင်း ရဲ့ လုပ်ဖေါ် ကိုင်ဘက် များက၊ Song Il-gook ဟာ ရိုးရိုး အေးအေး
နဲ့ အလုပ်ရိုသေ သူဖြစ်တယ် လို့ ချီးကျူး ကြ ပါတယ်။ ရိုက်ကွက်များ ဟာ အလွန်မှ
ရှုပ်ထွေး ပြီး ပွဲကြပ် များဖြစ် သော်လည်း၊ သူ့ရဲ့ စိတ်ဓါတ် ဟာ တခြားသူ များသို့
ကူးစက် ခဲ့တဲ့ အတွက်၊ အားလုံး တက်ညီ လက်ညီ ရှိခဲ့ ကြတယ် လို့ မှတ်ချက် ပြုကြ ပါတယ်။
မင်းသား ဟာ လူလွတ် တဦး ဖြစ်ပြီး သူ့ မိသားစု ကိုလည်း အလွန်မှ ခင်တွယ် သူဖြစ်
ပါတယ်။ ထို့ပြင် သူ့ မိခင် ဟာလည်း
Kim Eul Dong
အမည် ရှိတဲ့ မင်သမီး တဦး ဖြစ် ပါတယ်။
မင်းသား Song Il-gook တစ်ယောက် ပိုမို တိုးတက် အောင်မြင် ပါစေ လို့ ဆုတောင်း
ပေးအပ် ပါတယ်။
Song Il-gook ရဲ့ profile ကတော့ အောက်ပါ အတိုင်း ဖြစ် ပါတယ်။
Song Il Gook
- Name: 송일국 Song Il Gook / Song Il Guk
- Date of birth: 1971-Oct-1
- Height: 185cm
- Weight: 85kg
- Talent agency:
Barunson Entertainment (http://www.barunsonenter.com/)
- Family: Mother is actress
Kim Eul Dong
- Education: Cheongju University
TV Series
Movies
- The Art of Seduction (2005)
- Red Eye (2004)
Awards
- 2006 MBC Drama Awards: Daesang Award
- 2006 MBC Drama Awards: Top Excellence Award
- 2005 KBS Acting Awards: Best Actor
- 2002 KBS Acting Awards: Best New Actor
External Links
-
Official Site
(http://www.barunsonenter.com/gentle-song/)
-
Han Cinema
(http://www.hancinema.net/korean_Song_Il-gook.php/)
|
Links
Profile of Song Il-gook
Picture, articles and video clips of Song Il-gook
The Book of Three Han
Tags :
korean actor |
korea
Leave your comment