Jumong-ဇာတ်လမ်း(၄)

ဂျူးမွန် ရဲ့ သိုင်းဆရာ
Moo Song ဟာ ယူဝါ ရဲ့ လူယုံ အပျိုတော် ရဲ့ အစ်ကို ဖြစ် ပါတယ်။ Moo Song ရဲ့ တကယ့်
အလုပ်က ထောင်မှူး ကြီဖြစ် ပါတယ်။
Jumong ဇာတ်လမ်းတွဲ(၁)
မှ အဆက်
Jumong ဇာတ်လမ်းတွဲ(၂) မှ
အဆက်
Jumong ဇာတ်လမ်းတွဲ(၃) မှ
အဆက်
ထူးခြား တာက သူ တာဝန်ယူ ရတဲ့ ထောင် က မြို့ထဲ မှာမရှိ ပဲ တောထဲက ကျောက်ဂူ ကြီး
တခု ထဲမှာ ရှိ ပါတယ်။ ဒီ ထောင် ထဲမှာ အထူး လျှို့ဝှက် ထောင်သား တွေကို ချူပ်ထား
ပါတယ်။
Moo Song တာဝန် မယူမှီ ကတည်းက ရှိခဲ့တဲ့ တချို့ အချူပ်သား တွေ ဆိုရင် ဘယ်သူ
တွေမှန်း ဆိုတာ Moo Song ပင် မသိ ပါဘူး။
ဂျူးမွန် ဟာ သိုင်းသင်ရင်း သူ့ဆရာ နောက်က လိုက်သွား လို့ ဒီထောင် ထဲကို ရောက်ဖူး
ပါတယ်။ ထောင်ထဲမှာ အသက် ၄-၅ ဆယ် လောက်ရှိတဲ့ မျက်မမြင် အချူပ်သား တယောက် ကိုတွေ့
ပါတယ်။
ဒီလူဟာ ထောင်ထဲ ရောက်နေ တာ အနှစ် ၂၀ ဆယ်ကျော်ပြီး ဖြစ်ကြောင်း၊ ဘယ်သူဆို တာ
သူပင် မသိကြောင်း Moo Song က ဂျူးမွန် ကိုပြော ပြ ပါတယ်။
ဒီလူကြီး ဟာ အများက သေပြီးလို့ သိထား ကြတဲ့ ဂျူးမွန် ရဲ့ အဖေ ဟဲမူဆူး ဖြစ်
ပါတယ်။
ဟဲမူဆူး ကို တရုတ်တွေ ဖမ်းမိ အောင်၊ အကွက်ဆင် ခဲ့သူများ ကတော့၊ ယခင် နယ်စားကြီး
ရယ်၊ လက်ရှိ နန်းရင်းဝန် Budeukbul နဲ့ နိမိတ်ဖတ် ဆရာမကြီး Yeomieul တို့ ဖြစ်ကြ
ပါတယ်။
ဟဲမူဆူး တန်ခိုး ကြီးထွာ လာ ခဲ့ရင်၊ Buyeo ပြည်နယ် ကြီး အတွက်ပါ အန္တရာယ်
ရှိလာမယ် လို့ ထင်ပြီး အကောက် ကြံခဲ့ တာဖြစ် ပါတယ်။
ဒါပေမဲ့ သေပြီးလို့ ထင်ထားတဲ့ ဟဲမူဆူး ဟာ မသေပဲ နန်းတော်ဝ ကို ပြန် ရောက်လာ
ပါတယ်။ ဒါကို နိမိတ်ဖတ် ဆရာမကြီး Yeomieul တဦးတည်း သိ ပါတယ်။
မိုးနတ်မင်း ကပင် မသေစေ ခဲ့လို့ ပြန်ရောက် လာတဲ့ ဟဲမုဆူး ကို သတ်ရင်၊ ကံဆိုး
မိုးမှောင် ကျနိုင် တယ်လို့ တွေးပြီး၊ လျှို့ဝှက်ထောင် မှာ Yeomieul
က သူ့သဘော နဲ့သူ၊ ချူပ်နှောင် ထားခဲ့ ခြင်းဖြစ် ပါတယ်။

Hyepbo, Oi and Mari the three hooligans and future generals
ဂျူးမွန် ဟာ တေပေပြီး၊ ခွင့်မလွှတ် နိုင်စရာ တွေအမျိုးမျိုး လုပ်လို့၊ ဖခင် Geumwa
နယ်စားကြီး က၊ မင်းသား အရာတွေ ကို နုတ်ပါယ် ပြီး၊ သာမန် အရပ်သား အဖြစ်နဲ့ နန်းတော်
အပြင် ကို နှင်ထုတ် လိုက် ပါတယ်။
ဘဝနာ ပြီးပြုပြင် လာအောင်၊ သူ့မိခင် ယူဝါ နဲ့ တိုင်ပင် ပြီး တမင် နှင်ထုတ်
လိုက်တာ ဖြစ် ပါတယ်။ နယ်စားကြီး ဟာ၊ ဂျူးမွန် ကိုစောငိ့ ရှောက်ဖို့၊ သိုင်း အကျော်
အမော တစ်ဦး ကို၊ တိတ်တဆိတ် နောက်ယောင် ခံ ပြီးလိုက် စေ ပါတယ်။
ဂျူးမွန် ဟာ ခြေဦး တည့်ရာ သွားနေ စဉ် ပါလာတဲ့ ငွေတွေ အခိုး ခံရတဲ့ အပြင်၊
အစ်ကိုလတ် ရောင်ဖို က လုပ်ကြံ ဖို့ လွှတ် လိုက်သူ များရဲ့ တိုက်ခိုက် ခြင်းကို ခံရ
ပါတယ်။
နောက်က လိုက်စောင့် ပေးနေတဲ့ သိုင်းသမား ရဲ့ အကူအညီ ကြောင့်၊ ဝမ်းဗိုက် မှာ
ဒါဏ်ရာ ရပြီး၊ ဂျူးမွန် လွတ်မြောက် သွားခဲ့ ပါတယ်။
လမ်းဘေးမှာ ဒါဏ်ရာ နဲ့လဲ နေတဲ့ ဂျူးမွန် ကို၊ တေလေ ကျမ်ပိုး သုံးဦး ဖြစ်တဲ့၊
Hyepbo, Oi နဲ့ Mari တို့က ကယ်ခဲ့ ပြီး ဆေးဝါး
နားလည်တဲ့ မိန်းခလေး တစ်ဦး ထံ ပို့ပေးခဲ့
ပါတယ်။
ဒီ မိန်းခလေး ကတော့၊ တစ်ချိန်က ဂျူးမွန် ကြောင့် နန်းတော် ကနေ နှင်ထုတ် ခံခဲ့ ရတဲ့
အပျိုတော် ဘူရောင် (Bu Young) ပဲဖြစ် ပါတယ်။
(ကျန် ဇာတ်လမ်း များကို နောက် Blog Post တွေမှာ ဆက်လက် ဖေါ်ပြ ပါမည်။)
Links
TV Drama Jumong
Dongmyeongseong of Goguryeo (King Jumong)
Pictures from Jumong TV Drama



Tags :
korean drama |
korean history
Leave your comment