Jumong-ဇာတ်လမ်း(၃)
ဒီလိုနဲ့ နောက်ထပ် နှစ်ပေါင်း ၂၀ ကြာသွား ပါတယ်။ Geumwa နယ်စားကြီး မှာ Wonhu
အမည်ရှိ မိဘုရား ခေါင်းကြီး ရှိပြီး၊ သူနဲ့ ရတဲ့ ဒယ်ဆို နဲ့ ရောင်ဖို
ဆိုတဲ့ သားနှစ် ယောက် ရှိ ပါတယ်။

Jumong
ဇာတ်လမ်းတွဲ(၁) မှ အဆက်
Jumong ဇာတ်လမ်းတွဲ(၂) မှ
အဆက်
မိဘုရားငယ် ယူဝါ နဲ့ ရထားတယ် လို့ အများ ကသိ ထားတဲ့ ဂျူးမွန် နဲ့
ပါဆိုရင် သား သုံးယောက် ရှိနေ ပါတယ်။ Geumwa နယ်စားကြီး က ယူဝါ နဲ့ ဂျူးမွန် ကို
အလွန် ချစ် ပါတယ်။
အစ်ကို နှစ်ယောက် က ဂျူးမွန် ကို နန်းလု ဘက်လို့ သဘောထား ပြီး၊ အခွင့်ရေး ရရင်
ရသလို သုတ်သင် သတ်ဖြတ် ပစ်ရန် အကြိမ်ကြိမ် ကြိုးစား ခဲ့ ပါတယ်။
မိခင် ယူဝါ က ဂျူးမွန် ကို အစ်ကိုတွေ ရဲ့ အန္တရာယ် မှကင်း စေရန်၊ ခပ်ပေါပေါ ပုံစံ
မျိုး ကြီးပြင်း လာ စေခဲ့ ပါတယ်။ အသက် ၂၀ ရှိနေ ပြီးဖြစ် တဲ့ ဂျူးမွန် ဟာ၊
ပေါတောတော နိုင်တဲ့ အပြင် မိန်းမ လည်းပွေ ပါတယ်။
တစ်ကြိမ်မှာ အများ ကိုးကွယ် တဲ့ နတ်နန်း က Bu Young လို့ အမည် ရှိတဲ့
နတ်နန်း အပျိုတော် နဲ့ အခန်း တစ်ခန်း ထဲမှာ အတူ တွေ့ရှိ ရမှု ကြောင့်၊ နတ်နန်း
အပျိုတော် Bu Young ဟာ နန်းတေါ် ကနေ နှင်ထုတ် ခံခဲ့ ရပြီး၊ ဂျူးမွန် ကိုလည်း
ကြိမ်ဒါဏ် အချက် ၂၀ အပေး ခံခဲ့ ရဖူး ပါတယ်။

ဂျူးမွန် ဟာ အစ်ကို နှစ်ဦး နဲ့ အတူ၊ တောတောင် ထဲက လှိုင်ဂူ ကြီး တစ်ခု ထဲမှာ
ဖွက်ထား တဲ့၊ Bu Yeo နယ်ကြီးရဲ့ ရှေးဟောင် လေးတော် ကြီးကို ဖူးမျှော် ရန်၊ သာမံ
အရပ်သား ပုံစံ မျိုးနဲ့ ခရီး ထွက်ခဲ့ ပါတယ်။
ခရီး သွားစဉ်၊ လမ်းမှား ပြီး ညွန်နစ် သေအောင်၊ အစ်ကိုကြီး နှစ်ယောက် ရဲ့ ကြံစီ
ခြင်းကို ခံခဲ့ ရ ပါတယ်။ ညွန်နစ် သေလုလု အချိန်မှာ၊ ဆိုအောနိုး မင်းသမီး နဲ့ အဖွဲ့
က ကယ်တင် ခဲ့လို့၊ အသက် ဘေးက လွတ်မြောက် ခဲ့ ပါတယ်။
ဆိုအောနိုး ဟာ သူ့ ဖခင် ပိုင်တဲ့ ကုန်သည် အဖွဲ့ ကိုဦးစီး ပြီး ခရီးသွား နေစဉ်၊
ဂျူးမွန် ကို တွေ့ရှိ ကယ်တင် ခဲ့ခြင်း ဖြစ် ပါတယ်။ သို့သော် ဂျူးမွန် ကို မင်းသား
မှန်းတော့ သိ မသွား ခဲ့ ပါ။
နန်းတော် ပြန်ရောက် တော့၊ မိခင်အား၊ အစ်ကိုကြီး နှစ်ဦးရဲ့ ရက်စက် ပုံကို
ပြန်ပြော ပြ ပါတယ်။ ထို့နောက် မှာ မိခင် က Bu Yeo နယ်ကြီး ရဲ့ ထီးနန်း ကို ရအောင်
ယူရမယ် လို့ စိတ်ဓတ် သွင်းပေးပြီး၊ Moo Song အမည် ရှိတဲ့ သိုင်းဆရာ ကြီးတစ်ဦး နဲ့
လျို့ဝှက် ပြီး ကိုယ်ခံ သိုင်းပညာ သင်စေ ပါတယ်။
(ကျန် ဇာတ်လမ်း များကို နောက် Blog Post တွေမှာ ဆက်လက် ဖေါ်ပြ ပါမည်။)
Links
TV Drama Jumong
Dongmyeongseong of Goguryeo (King Jumong)
Pictures from Jumong TV Drama



Tags :
korean drama |
korean history |
korean news
Leave your comment