ဂျပန်လှိုင်းလုံး

Japanese actor Kimura Takuya
Yu Jung-eun(23) အမည်ရှိ ကိုးရီးယား တက္ကသိုလ်
ကျောင်းသူ တစ်ဦး ဟာ အထက်တန်း ကျောင်းသူ ဘဝ ကတည်းက ဂျပန် drama တွေကို စွဲစွဲမြဲမြဲ
ကြည့်လာ သူ ဖြစ် ပါတယ်။
ကျွန်မဟာ ဂျပန် မင်းသား မင်းသမီး တွေကို ကြိုက်လွန်း လို့
ကြည့်လို့ မဝနိုင် အောင် ပါပဲ လို့ပြော ပါတယ်။
ကိုးရီးယား drama တွေကို အလွန် ကြိုက်ကြတဲ့
အာရှ ပရိသတ် တွေ အနေနဲ့ တော့
ကိုးရီးယား မှာ ဂျပန် drama ကြိုက်တဲ့ သူတွေ တစ်နေ့တခြား တိုးပွား နေတယ် ဆိုတာ
အံ့သြသင့် စရာ ဖြစ်နေ ပါလိမ့်မယ်။

Japanese actor Matsumoto
လွန်ခဲ့တဲ့ သုံးလေး လ အတွင်းက နာမည်ကျော် ဂျပန်
သရုပ်ဆောင် များဖြစ် ကြတဲ့ Kimura, Joe Odagiri နဲ့ Hiroshi Tamaki တို့ဟာ
ကိုးရီးယား ကိုလာပြီး ကြော်ငြာ promotion ပွဲတွေ လုပ် ခဲ့ ပါတယ်။
ဒါတွေကို ကြည့်ခြင်းဖြင့် ကိုးရီးယား ဈေးကွက် ဟာ
ဂျပန် တွေအတွက် အရေး ကြီးလာ နေတယ် ဆိုတာ ပြသနေ ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လက ဂျပန် မင်းသား Kimura
ကိုးရီးယား ကို ရောက်ရှိ စဉ်က လေဆိပ်မှာ ကြိုဆိုသူ တစ်ထောင် လောက် ရှိခဲ့ ပါတယ်။

A website devoted to Japanese Drama
ထို့အပြင် ဂျပန် ကားတွေကို online မှာကြည့်တဲ့ သူ ပိုများတယ်
လို့လည်း ဆိုကြ ပါတယ်။ ဂျပန် drama တွေအကြောင်း ရေတဲ့
www.ilbondrama.net ဆိုရင် အဖွဲ့ဝင်
၆၇၅၃၂ ဦးရှိ တယ်လို့ ကြွားလုံး ထုတ် ထား ပါတယ်။
ဆယ်စု နှစ်ပေါင်း များစွာ ဂျပန် ကားတွေ ကို ကိုးရီးယား မှာပြသ
ခွင့်မပြုပဲ ပိတ်ပင် ထားခဲ့ ပါတယ်။ ကိုရီးယားဟာ ဂျပန် ကိုလိုနီ အဖြစ် နှစ်ပေါင်း
မြောက်များစွာ (1910-1945) နေခဲ့ရလေတော့ ဂျပန် ဆန့်ကျင်ရေး စိတ်ဓါတ် ပြင်းထန်
တာတော့ သဘာဝ ကျ ပါတယ်။
ဂျပန် ကားတွေ ဘယ်လောက် အထိ ထိုးဖောက် ဝင်ရောက် လာမယ်
ဆိုတာကို တော့ စောင့်ကြည့် ဖို့ လိုအပ် ပါလိမ့်မယ်။
Links
Japanese Dramas Charm Korea
Tags :
korean news
Leave your comment