Jumong-ဇာတ်လမ်းတွဲ(၂)

Jumong ဇာတ်လမ်းတွဲ(၁)
မှ အဆက် --
ဟဲမူဆူး ဟာ သူ့ရဲ့ စခန်း ကိုပြန် သွားပြီး တော်လှန်ရေး လုပ်ငန်းတွေ ကို ဆက်လုပ်
ပါတယ်။
တစ်ကောင်ကြွက် မင်းသမီးလေး ယူဝါ ဟာ ဟဲမူဆူး ရဲ့ စခန်း မှာ လာရောက် ခိုလှုံ
နေပါတယ်။ နောက်တော့ ဟဲမူဆူး နဲ့ ရည်ငံ ပြီး ဂျူးမွန် ကို ကိုယ်ဝန် ရှိလာ ပါတယ်။
ဟဲမူဆူး ရဲ့ သွေးသောက် ညီအစ်ကို Buyeo နယ်ရဲ့ အိမ်ရှေ့ မင်းသား Geumwa ဟာ
မင်းသမီးယူဝါ ကို ရှေး ယခင် ကတည်း က တွေ့ဖူး ပြီး တဖက်သတ် ချစ်ကြိုက် လာခဲ့ သူဖြစ်
ပါတယ်။

Hae Mosu caught and blinded by the enemy
တိုက်ပွဲ တခုမှာ ဟဲမူဆူး ကို တရုတ် တွေက ဖမ်းမိ သွား ပါတယ်၊ သူ့ရဲ့ မျက်လုံး
နှစ်ဖက် ဖေါက်ပစ် လိုက်ကြ ပါတယ်။ နောက်ပိုင်းမှာ တရုတ်ပြည် ကို ခေါ်သွား ပြီး
အခမ်းအနား နဲ့ သတ်ပစ် ဖို့ စီစဉ်ထား ပါတယ်။
Geumwa က ဟဲမူဆူး ကို ကယ်ထုတ် ပြီး မြင်းတစ်စီး စီနဲ့ ထွက်ပြေး လာစဉ် လမ်းကွဲး
သွားကြ ပါတယ်။ ပြန်ရှာတဲ့ အခါမှာ တရုတ်တွေ ပစ်တဲ့ မျှားတွေ မှန်ပြီး မြစ်ထဲ ကျသွား
တာကို အဝေးကနေ လှမ်းမြင် ခဲ့ရ ပါတယ်။ ဟဲမူဆူး သေသွား ပြီး လို့ ယူဆ ပြီး၊ ပြန်ခဲ့
ပါတယ်။

Yuwa and Jumong fleeing the enemies
ယူဝါ ဟာလည်း၊ မွေးကင်းစ ဂျူးမွန် လေး ကိုပိုက် ပြီး၊ မျိုးဆက် မကျန်အောင် လိုက်
သတ် နေတဲ့ ရန်သူ တွေရဲ့ ဘေးက လွတ်အောင် ပြေးနေ ရ ပါတယ်။
နောက်တော့ ယူဝါ ဟာ အိမ်ရှေ့ မင်းသား Geumwa ထံ လာရောက် ခိုလှုံ ပါတယ်။ Geumwa က
ဂျူးမွန် ဟာ သူ့သား ဖြစ်တယ် လို့ သတင်း ဖြန့်ပြီး၊ ယူဝါ ကို မိဘုရား ငယ် အဖြစ်
သိမ်းပိုက် လိုက် ပါတယ်။
Geumwa ဟာ မကြာမှီ မှာ ဖခင် ကွယ်လွန် သွားတဲ့ အတွက် Buyeo နယ်စား ကြီး ဖြစ်လာ
ပါတယ်။ ယူဝါ ဟာ သူ့ရဲ့ အချစ်ဆုံး မိဘုရား ဖြစ်တဲ့ အပြင်၊ ဂျူးမွန် ဟာလည်း သူ့ရဲ့
အချစ်ဆုံး သားတော် ဖြစ် ပါတယ်။ ဂျူးမွန် ကို သူ့ဖခင် ဟဲမူဆူး ကဲ့သို့ နိုင်ငံ
တည်ဆောက် မဲ့ သူရဲကောင်း တစ်ဦး အဖြစ် ပျိုးထောင် သွားရန် လည်း ဆုံးဖြတ် ထား ပါတယ်။
(ကျန် ဇာတ်လမ်း များကို နောက် Blog Post တွေမှာ ဆက်လက် ဖေါ်ပြ ပါမည်။)
Links
TV Drama Jumong
Jumong (MBC)
Three Kingdoms of Korea
Dongmyeongseong of Goguryeo (King Jumong)
'Go' Royal Family
History of Korea
Korean Historical Soaps Upset China
Video clips of Jumong TV Drama
Pictures from Jumong TV Drama




Tags :
korean drama |
korean history |
korean news
Leave your comment