ရာဇဝင်တွင်တဲ့သူရဲကောင်း
ဒီနေ့တော့ မြဝတီ ရုပ်သံမှာ ပြနေတဲ့
ရာဇဝင်တွင်တဲ့သူရဲကောင်း ဇာတ်လမ်း တွဲ
အကြောင်း ဖေါ်ပြ ပါမယ်။
ဒီ ဇာတ်လမ်း တွဲ အကြောင်း ကို လွန်ခဲ့တဲ့ ၉လ လောက်က တခါ ဖေါ်ပြခဲ့ ဖူ ပါတယ်။(link)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်၊ ခရစ်တော် မပေါ်မှီ ၃၇ နှစ် (BC 37) လောက်က
ကိုးရီးယား နိုင်ငံ မြောက် ပိုင်း မှာ Goguryeo လို့ အမည်ရှိတဲ့ နိုင်ငံကြီး
တနိုင်ငံ ပေါ်ပေါက် ခဲ့ ပါတယ်။ ဒီနိုင်ငံကြီး ကိုတည် ထောင်ခဲ့ သူကတော့ Jumong (58
BC-19 BC) လို့ အမည်ရှိ တဲ့ ကိုးရီးယား
စစ်ဘုရင်ကြီး တစ်ပါး ဖြစ် ပါတယ်။
Goguryeo
ဟာ လက်ရှိ ကိုးရီးယား တောင် မြောက် နှစ်နိုင်ငံ ပေါင်းထက် သုံးဆ လောက် ကြီးပါတယ်။ Goguryeo နိုင်ငံတော် ဟာ နှစ်ပေါင်း ၇၀၅ နှစ် ကျေုာ် သက်တမ်းရှည် ကြာခဲ့ ပြီး
Jumong မင်းဆက် ပေါင် ၂၈ ဆက် တိတိ အုပ်စိုး သွားခဲ့ ပါတယ်။
ယခု ခေတ် မှာ Jumong မင်းကြီး ရဲ့ မျိုးဆက် တွေကို 'Go' နဲ့စတဲ့ Jumong
မင်းကြီးရဲ့ မျိုးဆက် အမည်နဲ့ ခေါ်တွင် နေကြ ဆဲ ဖြစ် ပါတယ်။

MBC historical drama 'Jumong'
Jumong ဘုရင်ကြီး ရဲ့ မှတ်တမ်း တွေကတော့ များများ စားစား မကျန်ခဲ့ ပါဘူး။ ပါးစပ်
ရာဇဝင်(Legends) တွေကတော့ ရှေးခေတ် သူရဲကောင် များရဲ့ ထုံစံ အတိုင်း အများအပြား
ကျန်ခဲ့ ပါတယ်။
ဒီသူရဲကောင်း ဘုရင် ကြီး ရဲ့အကြောင်း ကို MBC ရုပ်သံ ကနေ Jumong လို့ အမည်ရှိ
အခန်းဆက် ပေါင်း ၈၁ ခန်း ရှိတဲ့ တီဗွီ ဇာတ်လမ်း တွဲကြီး အဖြစ် နဲ့ May 15, 2006 မှ
စတင် ပြသခဲ့ တာ March 6, 2007 မှာ episode 81 နောက်ဆုံး အခန်းဆက် ကို ပြသ
သွားခဲ့ ပါတယ်။
Jumong ဇာတ်လမ်း တွဲ ဟာ ၂၀၀၀ ခုနှစ် မှ ၂၀၀၇ ခုနှစ် အတွင် ပြသ ခဲ့တဲ့ ကိုးရီးယား
တီဗွီ ဇာတ် လမ်းတွဲ တွေ ထဲမှာ တတိယ လူကြိုက် အများဆုံး ဇာတ်လမ်း တွဲဖြစ်
ခဲ့ ပါတယ်။

|
|
ဲဂျူးမွန် ဘုရင်ကြီး အဖြစ် မင်းသား Song Il Kook
မှ သရုပ်ဆောင် သည်။ |
 |
|
ဆိုအောနိုး မိဘုရား ကြီး အဖြစ် မင်းသမီး Han Hye
Jin သရုပ်ဆောင် သည်။ |
ဒီဇာတ် လမ်းတွဲ
မှာ သိထားသင့် တဲ့ ဇာတ် ကောင်များ
ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
နောက်ထပ် ရေမည့် blog post တွေမှာ ဇာတ်လမ်း အကျဉ်း တွေကို ဆက်လက် ဖေါ်ပြ သွားမှာ
ဖြစ် ပါတယ် (ဇာတ်လမ်း အကျဉ်း ကိုပဲ တော်တော် ရေးရ မှာပါ)။
Links
TV Drama Jumong
Jumong (MBC)
Three Kingdoms of Korea
Dongmyeongseong of Goguryeo (King Jumong)
'Go' Royal Family
History of Korea
Korean Historical Soaps Upset China
Video clips of Jumong TV Drama
Pictures from Jumong TV Drama


Tags :
korean drama |
korean history |
korean news
Leave your comment