ခပ်မိုက်မိုက်-ချိုဝမ်
Hottie Lee Da-hee
ပြသဆဲ မြဝတီ ဇာတ်လမ်းတွဲ ပုံရိပ်ပမာ
မှ ချိုဝမ် အဖြစ် သရုပ်ဆောင် တဲ့ မင်းသမီး လေး
Lee Da-hae(26) ဟာ လောလောဆယ် မှာ မြန်မာ ပရိသတ် ရဲ့ အသဲစွဲ လေး ဖြစ်နေ ပါတယ်။
၁၇ နှစ်သမီး အရွယ် ကတည်းက သရုပ်ဆောင် မင်းသမီး လုပ်ခဲ့ လို့၊
သရုပ် ဆောင် သက် ၁၀ နှစ်နီး ပါး ရခဲ့ပြီး ဖြစ်တဲ့ Lee Da-hae ကို တလျောက်လုံး
ဗိုင်းကောင်း ကျောက်ပိ၊ ရိုရို အေးအေး ပုံစံ နဲ့ပဲ တွေ့ခဲ့ ကြရ ပါတယ်။
Rocking Lee Da-hae
ဘယ်လောက်ပဲ ရိုးအေးတဲ့ မိန်းခလေး ဖြစ်ပါစေ၊ မ သဘာဝ အတိုင်၊ sexy ဖြစ်တယ် လို့တော့
အခေါ်ခံ ချင်ကြမယ် ထင် ပါတယ်။
ဒီတပွဲ မှာတော့ မင်းသမီးလေး Lee Da-hae ဟာ "ကျွန်မ ဘာသားနဲ့ ထုထား တယ် ဆိုတာ တွေ့ကြ
ပြီးလား" လို့ ဟစ်ကြွး နေသလား လို့ တောင် ထင်မိ ရ ပါတယ်။
Singing Lee Da-hae
အခု ဖေါ်ပြ ထားတဲ့ ပုံတွေ ကတော့ နောက် တစ်လ အကြာလောက် မှာ ကျင်းပရန် ရှိတဲ့ Mnet
KM Music Festival ပွဲကို promotion လုပ်ရန် အတွက် ဆောင်ရွက် နေတဲ့ ရိုက်ကွက် တွေက
ပုံတွေ ဖြစ် ပါတယ်။
Lee Da-hae in action
ဒီ music festival မှာ Lee Da-hae သည်၊ ဟာသ ပညာရှင် Shin Dong Yup နဲ့
တွဲဖက်ပြီး၊ အစီအစဉ် ကြေငြာသူ (Show Host) အဖြစ် ဆောင်ရွက်မှာ လည်း ဖြစ် ပါတယ်။
အောက်မှာ ဖေါ်ပြထား တဲ့ ပုံကတော့ "ဆင်ကောင် ကို ဆိတ်ရေ နဲ့ ဖုံး တာပါ" လို့
တင်စား ရမလား ပါပဲ။
မင်းသမီးဟာ KBS နဲ့ ရိုက်ရန် ရှိတဲ့ Hello, Ehgi အမည် ရှိတဲ့ TV Drama ကို ကြေငြာ
မည့် သတင်းစာ ရှင်းလင်းပွဲ ကို တက်ရန်၊ mini skirt တိုတို လေးကို ဝတ်ပြီး ရောက်ရှိ
လာ ပါတယ်။
The great cover up
ကျင်းပမည့် နေရာ ရောက်တော့ စင်မြင့်က ထင်တာထက် မြင့်နေ လေတော့၊ Lee Da-hae
မျက်လုံးပြူး ပါ တော့တယ်။
စင်အောက်က ဖိုသတ္တဝါ ဓါတ်ပုံ ဆရာများ ကလည်း ကင်မရာ တွေကို အောက် ကနေ ပင့်ပြီး
ရိုက်ရန် မျှော်လင့် တကြီး စောင့်နေ ကြ ပါတယ်။
နောက်ဆုံး မှာတော့ မင်းသမီး ဟာ အပေါ်ပုံ မှာမြင် ရတဲ့ အတိုင်း ဥာဏ်ကူ ပြီး စင်ပေါ်ကို
တက်သွား ရပါ တော့တယ်။
Links
Lee Da Hae rocking in shorts
Lee Da-hae and the great cover up
Pictures, profile and articles of Lee Da-hea

Tags :
korean actress |
korean news |
korea
Leave your comment