နောက်တယောက်လွတ်လာပြန်ပြီ

Actor Yeon Jeong-hoon
မင်းသား
Yeon Jung-hoon ဟာ လာမည့် အောက်တိုဘာ ၃၁ ရက်နေ့ မှာ ပြီးခဲ့တဲ့ ၂ နှစ် ကတည်း က
ထမ်းဆောင် လာခဲံတဲ့ စစ်မှုထမ်း ခြင် တာဝန် ပြီးဆုံး တော့မှာ ဖြစ် ပါတယ်။
သူ့သတင်း ကိုယူဖို့ ဂျပန် နိုင်ငံက သတင်းထောက် အတော် များများ ဟာ ကိုးရီးယား ကို
ရောက်နှင့် နေ ကြပါပြီး။
ဒီမင်းသား ဟာ ဂျပန်မှာ တော်တော် လူကြိုက် များ ပါတယ်။ ဂျပန် ပရိသတ် တွေလည်း
တပ်စခမ်း အဝမှာ ကြိုဆိုဖို့ ကိုးရီးယား ကို လာကြ လိမ့်မယ် လို့လည်း ဟောကိန်း
ထုတ်နေကြ ပါတယ်။.

28
in "Sad Love Story" TV drama
မင်းသား
Yeon Jung-hoon ကို မြန်မာ ပရိသတ် ကောင်းကောင်း သိကြ ပါတယ်။ မြဝတီ ရုပ်သံ က မကြာမှီ
က ပြသွားတဲ့ လွမ်းမပြေ ဇာတ်လမ်းတွဲ မှာ Gun-woo (USA ရောက် သူဋ္ဌေးသား) အဖြစ်
သရုပ်ဆောင် ခဲ့သူ ဖြစ် ပါတယ်။
တပ်ထဲမှာ ကျန်ရစ့် မည့် ရဲဘော် ရဲဘက် များနဲ့ pizza ပါတီပွဲ တခုကို လည်း မကြာမှီ က
တပ်စခမ်း မှာ ကျင်းပ ခဲ့ ပါတယ်။
"အခွင့်အရေး မယူပဲ အခြား ရဲဘော် များနဲ့ တန်းတူ ရည်တူ တာဝန်ထမ်း သူ တစ်ဦး ဖြစ်
ပါတယ်" လို့ အရာရှိ တစ်ဦး က ထုတ်ဖေါ် ပြောသွား ပါတယ်။

Yeon Jung-hoon(28) with wife, actress Han Ga-in(26)
Yeon Jung-hoon ဟာ နာမည်ကျော် မင်းသမီး Han Ga-in ရဲ့ ခင်ပွန်း လည်းဖြစ် ပါတယ်။
ကားရိုက်ဖို့ ကမ်းလှမ်း လာတဲ့ ကုမ္ပဏီ များမှ ပေးပို့ လားတဲ့ ဇာတ်ညွှန်း များကို
ကြိုတင် လေ့လာပြီး၊ အပြင်ရောက် လာတာနဲ့ ရိုက်မည့် ကား ရွေးချယ် နိုင်အောင်၊
မင်းသားမှ ပြင်ဆင် ထားတယ် လို့လည်း သိရ ပါတယ်။
Links
Japan Media Arrive to Cover Yeon's Army Discharge
Profile of Yeon Jeong-hoon
Photos of Yeon Jeong-hoon (hancinema)
Photos of Yeon Jeong-hoon (google image)
Wedding of Yeon Jeong-hoon
Sad Love Story (TV Drama)


Tags :
korean actor |
korean news |
korea
Leave your comment