ရိုးတွင်းချင်ဆီဒါနပြုတဲ့မင်းသမီး

Actress Choi Kang-hee
မကြာမှီ က မြဝတီ မှာပြ သွားတဲ့ ပဲပေါင်မုန့် တီဗွီ ဇာတ်လမ်းတွဲ ကို မှတ်မိကြ
ပါ
သလား။ အဲဒီထဲ က ခေါင်းဆောင် မင်းသမီးလေး နာမည်က Choi Kang-hee(30) လို့ ခေါ် ပါတယ်။
ဒီ မင်းသမီးလေး ဟာ မကြာမှီ က ထူးခြားတဲ့ ဒါန တခုကို ပြုခဲ့ ပါတယ်။
သူ့ရဲ့ ရိုးတွင်း ချင်ဆီ ကိုထုတ် ပြီး leukemia ဖြစ်နေတဲ့
ရောဂါသည် ခလေး တစ်ယောက် ကို bone marrow transplant လုပ်ဖို့ လှူ ခဲ့ ပါတယ်။
ပဲပေါင်မုန့် (Sweet Buns)
လှူမည် ဆိုတဲ့ ဆန္ဒပြုမှု ကို ၁၉၉၉ ခုနှစ် ကတည်း က ပြုခဲ့ ပါတယ်။
အခုမှ သူနဲ့ DNA genetic code တထပ်တည်း တူညီတဲ့ ရောဂါရှင်
ရှိလာလို့ Korea Marrow Donor Program (KMDP) ကနေ မင်းသမီး
ထံ အကြောင်း ကြား ခဲ့ ပါတယ်။
မင်းသမီးဟာ ရိုက်လက်စ ရုပ်ရှင် ကို အမြန် ရပ်ပြီး မဆိုင်းမတွ
ဆေးရုံကို သွားပြီး DNA တူညီ မှုကို အတည်ပြု ဖို့ ဆေးစစ် ခံယူ ခဲ့ ပါတယ်။
DNA တူကြောင်း သိရတဲ့ အတွက် နောက်တနေ့ မှာပဲ ရိုးတွင်း ချင်ဆီ
ကိုထုတ် လှူခဲ့ ပါတယ်။

Actress Choi Kang-hee
Choi Kang-hee ဟာ ကိုးရီးယား အနုပညာ သည် သမိုင်းမှာ မိမိရဲ့ ခန္တာကိုယ် အစိပ်အပိုင်း
ကို ထုတ်လှူ တဲ့ ပထမ ဦးဆုံးသူ ဖြစ် ပါတယ်။
မင်းသမီး ဟာ ၂၀၀၆ ခုနှစ် ကလည်း၊ အကြိမ်ကြိမ် သွေးလှူ ခဲ့တဲ့ အတွက် ကိုးရီးယား Red
Cross က ငွေတံဆိပ် ချီူမြှင့်ခြင်း ခံခဲ့ ရပါ သေးတယ်။
မင်းသား မင်းသမီး များ လုပ်တယ် ဆိုရင် နောက်က နေ အတုယူ ပြီးလိုက် လုပ်တတ် ကြလို့၊
ခန္တာကိုယ် အစိပ်အပိုင်း လှူမည့် သူတွေ အများအပြား ရှိလာ လိမ့်မယ် လို့ ကိုးရီးယား
ဆေးလောက မှ မျှော်လင့် နေတယ် လို့လည်း သိရ ပါတယ်။
ဒီလို ထူခြားတဲ့ အလှူကို ပြုခဲ့တဲ့ အတွက် မင်းသမီးလေး သည် ပိုမို ပြီး တိုးတက်
အောင်မြင် ပါစေလို့ ဆုမွန်ကောင်း တောင်းပေး အပ် ပါတယ်။
Links
Actress Choi Kang-hee donates bone-marrow (koreatimes.co.kr)
Choi Gang-hee Donates Bone Marrow (kbs.co.kr)
Profile of Choi Kang-hee
Sweet Buns (TV Drama)
Leave your comment