http://phpmyanmar.com
http://video.phpmyanmar.com
Korean Drama Korean Movies Korean Video Korean Films Korean Music Korean Actor Korean Actress Korean Stars Korean Singer Korean Culture Korean Arts

Home

Google Ad

Recent Articles

super-junior-packs-out-tokyo-dome
korean-dramas-now-airing-10-05-2012
daniel-henney-and-jessica-snap-a-photo-together
sistar-pigs-out-on-burgers-and-ramen
yoona-sullen-expression-on-love-rain-sparks-buzz-among-fans
lee-byung-hun-individual-poster-for-gi-joe-2-revealed
shinhwas-eric-and-miss-as-suzy-became-a-couple-for-the-newest-episode-of-invincible-youth-2
bora-of-sistar-lovingly-autographs-each
hot-news-1-march-2012
hot-news-06-jan-2012
graying-korean-actors-and-actresses
hot-news-18-october-2011
lee-min-ho-and-park-min-young-are-dating
hot-news-14-august-2011
hot-news-01-july-2011
hot-news-30-may-2011
actress-lee-ji-ah-secretly-married-to-singer-seo-tai-ji
actress-lee-si-young-won-the-national-amateur-boxing-championships
hot-news-19-feb-2011
hot-news-10-jan-2011
watch-korean-japanese-taiwan-hong-kong-mainland-chinese-drama-and-movie-online
english-version-of-video.phpmyanmar.com
Posted By - Ko Ko - October 22, 2007

Summary :
The Korea Times, the nation first English daily, turns 57 on Nov. 1. Current and former staff members of the oldest English daily selected the Top 10 Hallyu Stars through internal meetings, online surveys and advice from outside experts. The top 10 stars selected are (1)Bae Yong-joon (2)Rain (3)Song Seung-heon (4)Kwon Sang-woo (5)Yun Eun-hye (6)Choi Ji-woo (7)BoA (8)Song Hye-kyo (9)Hyun Bin (10)Lee Young-ae.[More...][Less...]

ထိပ်ဆုံးကဆယ်ယောက်

The Korea Times သတင်းစာ ဟာ ကိုးရီးယား နိုင်ငံ ရဲ့ သက်တမ်း အရင့်ဆုံး အင်္ဂလိပ် စာဖြစ်ပြီး၊ လာမည့် နိုဝင်ဘာ ၁ ရက်နေ့ တွင် ၅၇ နှစ်ပြည့် မှာဖြစ် ပါတယ်။ ဒီ သတင်းစာ ရဲ့ သုတေသန ပြုမှု နဲ့ စစ်တမ်း ကောက်ယူ ချက်များ အရ၊ အောက်ပါ ၁၀ ဦးကို ထိပ်တန်း မင်းသား မင်းသမီး များ အဖြစ် သတ်မှတ် ခဲ့ ပါတယ်။


Bae Yong-joon(35) ဟာ ၂၀၀၂ ခုနှစ် ကထဲက တီဗွီ ဇာတ်လမ်း တွဲ Winter Sonata နဲ့ နာမည်ကြီး ခဲ့သူ ဖြစ် ပါတယ်။ သူ့ ပရိသတ် က သူ့ကို Yonsama လို့ ချစ်စနိုး ခေါ်ကြ ပါတယ်။ The Korea Times သတင်းစာ ရဲ့ စစ်တမ်း ကောက်ယူ ချက်မှာ နံပါတ် တစ် ရခဲ့ ပါတယ်။ သူ့ရဲ့ လက်ရှိ ပြသဆဲ တီဗွီ ဇာတ်လမ် Taewangsasingi (The Four Guardian Gods of the King) ဟာ လူကြိုက် အလွန်များ နေပြီး၊ နိုင်ငံ ပေါင်း ၉၀ မှာပြသ မှာဖြစ် ပါတယ်။


အာရှတိုက် မှာ လူကြိုက် အလွန် များနေတဲ့ Rain(25) ဟာ စစ်တမ်း ကောက်ယူချက် မှာ ဒုတိယ လိုက် ပါတယ်။ တီဗွီ ဇာတ်လမ်းတွဲ  Full House မှာ Song Hye-kyo (အွန်စော) နဲ့ တွဲဖက် သရုပ်ဆောင် ခဲ့ပြီး နာမည် အလွန် ရခဲ့ ပါတယ်။ ယခု သူဟာ ကမ္ဘာ ကို လှည့်ပြီး show ပွဲးတွေ လုပ်နေ ပါတယ်။ ထို့အပြင် ဟောလီဝုဒ် ရုပ်ရှင် Speed Racer မှာ ပါဝင် သရုပ်ဆောင် ပြီး ဟောလီးဝုဒ် ရုပ်ရှင် လောက ကို ထိုးဖေါက် နိုင်ရန် ကြိုးသား နေ ပါတယ်။


မြန်မာတွေ ဂျွန်စော အဖြစ်နဲ့ သိထားကြတဲ့ Song Seung-heon(31) ဟာ model ဘဝက စခဲ့ ပါတယ်။ Song Hye-kyo (အွန်စော) နဲ့ တွဲဖက်ပြီး သရုပ်ဆောင် ခဲ့တဲ့ Autumn Fairy Tale(2000) မှာစတင် နာမည် ရခဲ့ ပါတယ်။ ၂ နှစ် စစ်မှုထမ်း ခဲ့ပြီး လွန်ခဲ့တဲ့ နိုဝင်ဘာ လ ကမှ တာဝန် ပြီးဆုံးခဲ့ ပါတယ်။ ယခု တီဗွီ ဇာတ်လမ်းတွဲ တစ်ခု ရိုက်နေ ပါတယ်။


Kwon Sang-woo(31) ဟာ ရုပ်ရှင် My Tutor Friend(2003) နဲ့ တွီဗွီ ဇာတ်လမ်းတွဲ Stairway to Heaven(2003-2004) တို့နဲ့ နာမည် ရလာသူ ဖြစ် ပါတယ်။ မင်းသာ မဖြစ်မှီက model တစ်ဦး ဖြစ် ပါတယ်။ ကြန့်ခိုင် လှတဲ့ သူ့ရဲ့ ဗလ (muscular body shape) ကြောင်လည်း နာမည် ကြီး ပါတယ်။


လတ်တလော hot အဖြစ်ဆုံး မင်းသမီး ကတော့ Yun Eun-hye(23) ပါပဲ၊ သူဟာ ယခင်က အမျိုးသမီး သီချင်း အဖွဲ့ Baby V.O.X. မှ အဖွဲ့ဝင် ဟောင်း တစ်ဦး ဖြစ် ပါတယ်။ သာမန် ကျောင်းသူ လေး ကနေ အိမ်ရှေ့ မင်းသမီး ဖြစ်သွား တဲ့ Princess Hours(2006) တီဗွီ ဇာတ်လမ်းတွဲး မှာ စတင် နာမည် ကြီး ခဲ့ပါတယ်။ ဆက်တိုက် ထွက်လာတဲ့ The Vineyard Man မှာ ဆက်လက် နာမည် ရခဲ့ ပါတယ်။ မကြာမှီက ပြသွားတဲ့ Coffee Prince မှာတော့ တဟုန်ထိုး ဆက်လက် နာမည် ကြီး ခဲ့ပြန် ပါတယ်။ လက်ရှိ ဈေးအကြီး ဆုံး မင်းသမီး တစ်လက် ဖြစ်ပြီး၊ one episode ကို won သန်း ၂၀ ရနေတယ် လို့ သိရ ပါတယ်။


မင်းသမီး Choi Ji-woo(32) ဟာ အာရှတိုက် တခုလုံး မှာ Winter Sonata - Stairway to Heaven - Beautiful Days စတဲ့ ဇာတ်လမ်း တွဲတွေနဲ့ နာမည် ကြီးခဲ့ သူ ဖြစ် ပါတယ်။ နာမည်ကြီး မင်းသား များ ဖြစ်ကြတဲ့  Kwon Sang-woo၊ Bae Yong-joon နဲ့ Lee Byung-hun တို့နဲ့ အဆက် မပြတ် တွဲဖက် ခဲ့ ပါတယ်။ ထို့ကြောင့် အမျိုးသမီး ပရိသတ် ဟာ သူ့ကို၊ ချစ်လည်းချစ်၊ မနာလို လည်းဖြစ် ကြတယ် လို့ဆို ပါတယ်။


မီးကောင်ပေါက် အရွယ် ကတည်းက သီချင်း ဆိုပြီး နာမည်ကြီး လာ ခဲ့တဲ့ BoA(21) ရဲ့ အနုပညာ သက်တမ်း ဟာ အခုဆိုရင် ၇ နှစ် ရှိသွား ပါပြီး။ ဒီအသက် အရွယ် လေးနဲ့ ကိုးရီးယား သီချင်း album ၅ ခု၊ ဂျပန် သီချင်း album ၅ ခုနဲ့ ဂျပန် လုံချင်း (single) ၂၃ ခု ထုတ်ဝေ နိုင်ခဲ့ ပြီးဖြစ် ပါတယ်။ သူဟာ ဒီနှစ် ကုန် မှာမှ အသက် ၂၁ နှစ်ပြည့် မှာဖြစ် ပါတယ်။ မကြာခင် ကလေး ကမှ ကိုးရီးယား နိုင်ငံတော် က ထူးချွန် ဆု တစ်ခု ချီးမြှင့် ခဲ့ ပါသေး တယ်။


Song Hye-kyo ဟာ  Song Seung-heon (ဂျွန်စော) နဲ့တွဲ ရိုက်တဲ့ Autumn Fairy Tale မှာစတင် နာမည် ကြီးခဲ့ ပါတယ်။ မြန်မာ များက သူ့ကို အွန်စော လို့ပဲ ခေါ်ကြ ပါတယ်။ သူဟာ နာမည် ကျော် Lee Byung-hun နဲ့ ချစ်သူ များဖြစ်ကြ ပါတယ် လို့ ထုတ်ဖေါ် ကြေငြာ ခဲ့ ပါတယ်။ Korea Vogue မဂ္ဂဇင်း ရဲ့ မျက်နှာဖုံး မှာ ပထမ ဦးဆုံး ဖေါ်ပြ ခံခဲ့ ရတဲ့ ကိုးရီးယား မင်းသမီး လည်းဖြစ် ပါတယ်။


My Name is Kim Sam Soon တီဗွီ ဇာတ်လမ်း တွဲမှာ အမျိုးသမီး ပရိသတ် က Hyun Bin(25) ကို အလွန်မှ သဘောကျ ခဲ့ကြ ပါတယ်။ ဒီဇာတ် လမ်းတွဲ ကို လတ်တလော Israel မှာတောင် ပြနေ ပါတယ်။ ဒီဇာတ်လမ်း တွဲ အတွက် သူဟာ ဆု အများအပြား လည်း ရခဲ့ ပါတယ်။ မကြာမှီ က နာမည်ကြီး A Millionaires First Love ရုပ်ရှင် ကားမှာ ပါဝင် သရုပ် ဆောင်ခဲ့ ပါတယ်။


နန်းတွင်းရတနာ ဇာတ်လမ်းတွဲ ဟာ အာရှ မှာတွင် မက ပဲ ကမ္ဘာ တလွှား ကိုပါ ခြေဆန့် လို့ ပြနေ ရပြီး ဖြစ် ပါတယ်။ မြန်မာ တွေက ချန်ဂင် လို့ ခေါ်ကြတဲ့ Lee Young-ae(36) ဟာ superstar တင် မက တော့ပဲ megastar လို့ပင် ခေါ်ဆို နေကြ ပါတယ်။ သူပါဝင် သရုပ်ဆောင် ခဲ့တဲ့ One Fine Spring Day - Last Gift - Lady Vengeance အစရှိတာ တွေဟာ လည်း အလွန်မှ လူကြိုက် များခဲ့ ပါတယ်။ TV ကြောငြာ တွေလည်း အလွန် ရိုက်ရတဲ့ သူ ဖြစ် ပါတယ်။

Links
Top 10 Hallyu Stars

Tags : |
Posted as - [KSinger] [News] [KActress] [KActor] [Bae Yong-jun] [Boa] [Choi Ji-woo] [Hyun Bin] [Kwon Sang-woo] [Lee Young-ae] [Rain] [Song Hye-gyo] [Song Seung-hun] [Yoon Eun-hye]


End of Article - Top 10 Hallyu Stars
http://video.phpmyanmar.com/video/article/280/top-10-hallyu-stars

3 comments

kokoApril 13, 2011 - 10:02 pm
This article was written in October 2007, it is history now. You came too late to the show :D
Feroh GrodApril 13, 2011 - 10:02 pm
Why don't Sung Yuri include in the list?
maryfelJune 11, 2009 - 7:54 am
thats great! kinchanayo.

Leave your comment

Name

You can type in both English and Myanmar (Use Zawgyi Font)

<< Type above word in this box


PHP Training

Register-Login

Install Myanmar Font

  • Download the font, (zawgyi-one) here.
  • See how to install the font here.

Photos

thousands-of-photos-of-korean-actors-and-actresses
Thousands of photos of Korean
Actors and Actresses.

Over 90 KActors-KActresses

Photos and Articles
Over 90 Korean Actors and Acteresses.
see more...

2120 KActors-KActresses

Profiles of 2120 KActors and KActresses.
see more...

Info of 1011 Korean TV Dramas

Information of 1011 Korean TV Dramas.
see more...

Google Ad

RSS Feed of Recent Entries

Feedback (In Eng and Myan)

Google Ad



I will try hard

Rendering time 0.0603 sec *

a88161ea554a88b6574b476d59470108 - May 29, 2012 - 6:12:15 am