လွမ်းမပြေမင်းသမီးလေးလက်ထပ်ပြီး

Actress Kim Hee-sun will marry today(19.10.2007)
လွမ်းမပြေ မြဝတီ ဇာတ်လမ်းတွဲ ထဲက မင်းသမီးလေး Kim Hee-sun(30) ဟာ သူ့ချစ်သူ
လုပ်ငန်းရှင် Park Joo-young(33) နဲ့ ဒီနေ့ (19th-Oct-2007) မှာ လက်ထပ်မှာ
ဖြစ်ကြောင်း ပူပူနွေးနွေး သတင်း ပေးလို ပါတယ်။
သတိုးသား Park Joo Young(33) ဟာ Yonsei တက္ကသိုလ်
ဘွဲ့ရ တစ်ဦး ဖြစ်တယ် လို့
လည်း သိရ ပါတယ်။
သူမရဲ့ web site မှာ Kim Hee Sun ကိုယ်တိုင် ရေးထား တာ ကတော့၊ အချစ် ဆိုတာ
တစ်သက် တစ်ခါ သာ ပေါက်တဲ့ ဝကိသက် နဲ့ တူပါကြောင်း၊ လူတိုင်းဟာ တစ်သက်မှာ တော့ တစ်ခါ
တော့ပေါက် ရမှာ ဖြစ်ပြီး၊ နှစ်ခါ ပေါက်လို့ မရ နိုင်ကြောင်း၊ မြှားနတ်မောင် ဟာ
အသည်းနှစ်လုံး ထဲကို အချစ် မြှားနှစ်စင်း ပစ်ထည့် လေ့ မရှိ ကြောင်း၊ စသည် ဖြင့်
ရေးသား ထား ပါတယ်။

လက်ထပ်ပွဲ မှာ အဆိုတော် Yoon Hee-jung နဲ့ Seven တို့မှ သီချင်း များနဲ့ သီဆို
ဖျော်ဖြေ ပေးမှာ ဖြစ် ပါတယ်။
Jazz အဆိုတော် Yoon ဟာ မင်းသမီး ကို သင်ပြပေး ဖူးတဲ့ ဆရာ ဖြစ်ပြီး၊ Seven
နဲ့ကတော့ Seven သီချင်း စဆိုစဉ် ကတည်း က သီကြ တာပါ။
တချို့က Kim Hee-sun နဲ့ Seven ဘာလိုလို ဆိုပြီး ပြောကြတာ လည်းရှိ ပါတယ်။
သို့သော် သူငယ်ချင်း များသာ ဖြစ်ကြ ပါတယ် လို့ မင်းသမီး ရဲ့ management agency
ကပြော ပါတယ်။

Kim Hee-sun(30) and Se7en(22)
Seven ဟာ နိုင်ငံခြား မှာ show ပွဲလုပ် နေရာ ကနေ တကူးတက ပြန်လာ ပြီး သီချင်းဆို
ပေးတာ ဖြစ် ပါတယ်။
မင်္ဂလာပွဲ ကို မိသားစု ပွဲအဖြစ် သိုသိုသိပ်သိပ် လုပ်တာ ဖြစ်လို့ မိသားစုဝင် နဲ့
မိတ်ဆွေ ၂၀၀ လောက်ပဲ ဖိတ် ပါတယ်။ ပွဲလုပ်တဲ့ နေရာ ကတော့ Grand Walker Hill Hotel
မှာဖြစ် ပါတယ်။
Links
Kim Hee-sun to Marry Park Joo-young on October 19
Kim Hee Sun's Fiance Is Revealed
Profile, pictures and articles of Kim Hee-sun

Tags :
korean actress |
korean news |
korea
Leave your comment