ဇာတ်လမ်းတွဲအသစ် King and I

'King and I" a new TV drama
အခုတလော ကိုးရီးယား မှာ ရာဇဝင် ဇာတ်လမ်း တွေ ခေတ်စား နေ ပါတယ်။ နောက်ဆုံး
ထွက်လာတဲ့ ရာဇဝင် ဇာတ်လမ်းတွဲ အသစ် ကတော့ KIng and I ဖြစ် ပါတယ်။
ဒီဇာတ်လမ်းတွဲ မှာ မင်းသား Oh Man Seok, Go Ju-won နဲ့ မင်းသမီး Goo Hye Sun တို့
ပါဝင် သရုပ် ဆောင် ထား ပါတယ်။
ချစ်သူ မိန်းခလေး အနား မှာ နေရဖို့ အရေး၊ ယောက်ျားလေး တစ်ယောက် ဟာ ဘယ်အထိ
စွန့်လွှတ် နိုင် ပါသလဲ။ တကယ့် အဖြစ်အပျက် မှာတော့ ချစ်သူ နားမှာ နေနိုင် ဖို့ အတွက်
မေတ္တာရှင် ယောက်ျား လေးဟာ မိမိရဲ့ ယောက်ျား ဘဝ ကိုစွန့်လွှတ် ပြီး သင်းကွပ်(eunuch)
ဘဝ ကို ခံယူ ခဲ့ ပါတယ်။
Yi San လို့ ကိုးရီးယား လို အမည်
ပေးထား တဲ့ King and I ဇာတ်လမ်းတွဲ ဟာ Joseon မင်းဆက် ရဲ့ ၂၂
ဆက် မြောက် Yi San အမည် ရှိတဲ့ ဘုရင် Jeongjo (1752-1800) အကြောင်း ကို
နောက်ခံ ထားပြီး ရိုက်ထား ပါတယ်။

Oh Man Seok, actress Goo Hye Sun and Go Ju-won
ငယ် သူငယ်ချင်း များဖြစ်ကြတဲ့ Cheo-seon, So-hwa နဲ့ Jaeulsangun တို့ဟာ
အရွယ် ရောက် လာတော့ သင်းကွပ်(eunuch) မိဘုရားငယ်(concubine) နဲ့ ဘုရင် အသီးသီး ဖြစ်လာ ကြတဲ့
သုံးပွင့် ဆိုင် အချစ် ဇာတ်လမ်း ဖြစ် ပါတယ်။
ဘုရင် Jaeulsangun ဟာ သူ တဖက်သတ် ချစ်နေတဲ့ သူငယ်ချင်း So-hwa ကို မိဘုရား
မြှောက်ခွင့် မရတဲ့ အခါ မှာ မောင်းမငယ် မိဘုရား (concubine) အဖြစ် တင်မြှောက် ခဲ့
ပါတယ်။
သို့သော် Cheo-seon နဲ့ So-hwa ဟာချစ်သူ တွေ ဖြစ်နေ လေတော့ ဘုရင်ဟာ So-hwa ရဲ့
ချစ်ကို မရခဲ့ ပါဘူး။ Cheo-seon ဟာ ချစ်သူ So-hwa နားမှာ နေရ အောင်
သင်းကွပ်(eunuch) ဘဝ ပြောင်းပြီး So-hwa ကို ပြုစု ခဲ့ ပါတယ်။(တရုတ်ကား
တွေ မှာဆိုရင်တော့ ကုန်းကုန်း ဖြစ် သွားတယ် ပေါ့)
ဘုရင်ဟာ So-hwa ရဲ့ အချစ်ကို မရလို့ မနာလို စိတ်တွေ ပွားပြီး နောက်ဆုံးမှာ So-hwa
ကို သေဒါဏ် အမိန့် ချမှတ် ခဲ့ ပါတယ်။ နန်းတွင်း ထုံးစံ များအရ သေဒါဏ် အမိန့် ကို စီရင် ရမဲ့သူက So-hwa ရဲ့ ချစ်သူ
Cheo-seon ဖြစ်နေ ပါတယ်။
ဇာတ်လမ်းတွဲ က အပိုင်း ပေါင်း ၅၀ (50 episodes) ရှိ ပါတယ်။ ဘာဖြစ်သွားတယ် ဆိုတာ
တော့ ကျွန်တော လည်း မသိပါ။ ကိုးရီးယား ရာဇဝင် ကို wikipedia ထဲမှာ ရှာဖတ်ရင် တော့
ရနိုင်မှန်း သိပါတယ်၊ သို့သော် ဇာတ်လမ်းတွဲ ကြည့်တဲ့ အခါ အရသာ ပျက်မှာ မို့ မကြည့်
တော့ ပါဘူး။
Links
'KIng and I'
TV Drama
Actor
Go Ju-won (King and I) rescued a wounded golfer

Tags :
korean drama |
korean news |
korea
Leave your comment