ကြက်ခြေနီသူနာပြုမင်းသား

Actor Go Rescues Wounded Golfer
King and I လို့ အမည်ရှိတဲ့ နာမည်ကျော် TV drama ဇာတ်လမ်းတွဲ မျာ ပါဝင် သရုပ်
ဆောင် ခဲ့တဲ့ မင်းသား Go Ju-won ဟာ ကား accident တခု မှာ ဒါဏ်ရာ ရနေ သူ တဦး
ကို ဆေးရုံ ပို့ပေး ခဲ့ ပါတယ်။
လွန်ခဲ့တဲ့ ရက် အနည်းငယ် လောက်က Go Ju-won ဟာ Joongbu အဝေးပြေး လမ်းမ ပေါ်မှာ
ခရီး သွားနေစဉ်၊ သူ့ရှေ့က ကားတစီး လမ်းချော် ပြီး လမ်းဘေး ထိုးကျ သွားတာ တွေ့ရှိ ရ
ပါတယ်။ ထိုစဉ်က မိုးလည်း သီးထန်စွာ ရွာနေ ပါတယ်။ မင်းသားဟာ သူ့ ရိုက်ကွင်း ရှိရာ North Gyeongsang ပြည်နယ် Mungyeong ကနေ Seoul
ပြန်လာနေစဉ် ဖြစ် ပါတယ်။
Go Ju-won ဟာ ချက်ချင်း ကားကို ရပ်စေပြီး ဆင်းစစ်ဆေး ပါတယ်။
ယာဉ်ကတော့ အတော်ကလေး ပျက်စီးနေ ပါတယ်။ ယာဉ်မောင်းသူ ဟာ
အမျိုးသမီး တဦး ဖြစ်ပြီး အမြင် အားဖြစ် တော့ ဒါဏ်ရာ ရထားပုံ မရှိဘူး လို့ဆို
ပါတယ်။
မင်းသားဟာ သူ့ရဲ့ ရိုက်ကွင်း အစီအစဉ် တွေရှိနေ
သော်လည်း၊ ယာဉ်မောင်း
အမျိုးသမီး ကို သူကိုယ်တိုင် အနီးဆုံး ဖြစ်တဲ့ Konkuk University Hospital ကိုလိုက်
ပို့ပေးခဲ့ ပါတယ်။
ယာဉ်မောင်း အမျိုးသမီးရဲ့ မိဘများ ထံကိုလည်း သူကိုယ်တိုင် ဖုန်းဆက် အကြောင်းကြား
ပေးခဲ့ ပါတယ်။ အဲဒီ အချိန် ကျမှ
ဒီ အမျိုးသမီ ဟာ နာမည်ကြီး ဂေါက်သီးရိုက်
အားကစား သမား တဦး ဖြစ် နေကြောင်း သိရ ပါတယ်။
လိုအပ် တာတွေ ဆောင်ရွက် ပေးပြီးမှ မင်းသားဟာ သူ့ရဲ့ ရိုက်ကွင်း ရှိရာကို ဆက်လက်
ထွက်ခွာ သွားတယ် လို့ သတင်း ရရှိ ခဲ့ ပါတယ်။
Links
Actor Go Rescues Wounded Golfer
King and I (TV Drama)
Tags :
korean actor |
korean news |
korea
Leave your comment