Rain ဘာလုပ်နေလဲ

Whats Rain doing theseҠdays?
ပရိသတ် အချစ်တော် Rain တယောက် ပျောက်ချက်သား ကောင်းနေ ပါတယ်၊ သူဘာလုပ် နေလဲ၊
ဘယ်မှာ သွားပုန်း နေလဲ ဆိုတာ ပဟေဋိ ကြီး တခု ပါဘဲ။
Rain ဟာ ဒီတနှစ်လုံး ကမ္ဘာ လှည့်ပြီး သီချင်းဆို နေခဲ့ ပါတယ်။ ဒါပေမဲ့ USA မှာ
လုပ်မဲ့ Stage Show ပွဲတွေ အားလုံး ကို မကြာမှီ က ဖျက် သိမ်းခဲ့ရ ပါတယ်။
Rain ဆိုတဲ့ အမည်ဟာ မူပိုင် စာလုံး ဖြစ်လို့ USA ထဲမှာ သုံးခွင့် မရှိဘူး
ဆိုပြီး အမေရိကန် ကုမ္ပဏီ တစ်ခုက တရားစွဲ ခဲ့ ပါတယ်။
ဒီကိစ္စကို မဖြေရှင်း နိုင်လို့ အပြင်၊ show ပွဲ ကန်ထရိုက် တွေဟာ စံချိန်မှီ
stage show ဇာတ်ခုံ မဖန်တည်း ပေးနိုင်လို့ ဆိုပြီး Rain ရဲ့ agent ကုမ္ပဏီ က
ရပ်တိုင်းပစ် ခဲ့တာ ဖြစ် ပါတယ်။

နောက်ပိုင်းမှာ Internet နဲ့ စာစောင် စာတမ်း တွေထဲမှာ Rain လိုလားတဲ့သူ နဲ့
မလိုလား သူတွေ အကြား အကြီးအကျယ် တိုက်ခိုက် ရေးသား လာကြ ပါတယ်။
Vacation ၃ ပတ်ယူ မယ်လို့တော့ ထုတ်ပြန်ထားပါတယ်။ Rain ဟာ ၄ နှစ် လုံးလုံး
မရပ်မနား အလုပ်လုပ် လာတဲ့ သူဖြစ် လို့ အနားယူ သင့်တယ် လို့ ပြောတဲ့သူ က ပြောသလို၊
အခက် အခဲ ကို မရင်ဆိုင် ရဲလို့ ပုန်းနေတာပါ လို့ ပြောသူကလည်း ပြော နေကြ ပါတယ်။
မြန်မာ ပြောပြော ရရင်တော့၊ (မင်းသားကြီး ရွှေဘ ခေတ္တ အနားယူ နေတာပါ၊ မကြာခင်
ပြန်ပြီး ထိုးကြိတ် ပါလိမ့်မယ်) လို့ပဲ ပြောချင် ပါတယ်။
Rain ဟာ လာမည့် စက်တင်ဘာ လ ၂၄ ရက် နေ့မှာ ကျင်းပမည့်၊ Korea-China-Japan Asian
Art Festival မှာ ဖြေဖျော် မယ်လို့တော့ သတင်း ရရှိ ထား ပါတယ်။
Links
What is Rain doing thesedays?
Rain Delay US Shows
K-pop star Rain victim of poor sales


Pictures, profile, articles and video clips of Rain
Tags :
korean actor |
korean news |
korea singer
Leave your comment