ကောင်ချောလေးတွေရဲ့တန်ဖိုး

Using handsome males to attracts female customers,
a 'stud marketing' concept
လူတွေရဲ့ စိတ်တွေကို ပုံသွင်း ရာမှာ စာပေ တို့ အနုပညာ တို့ ဆိုတာ တွေဟာ အင်အား
ကြီးမား တဲ့ လက်နက် တွေ ဖြစ် ပါတယ်။
ဒီအချက် ကို နိုင်ငံရေး သမားတွေ နဲ့ စီးပွားရေး သမား တွေက ကောင်း ကောင်း သိကြ
ပါတယ်။
မကြာမှီ လေးက ပြလို့ပြီး သွားတဲ့ နာမည်ကျော် Coffee Prince No.1 ဇာတ်လမ်းတွဲ ဟာ
ယောက်ျား လေး ချောချော လေးတွေ ကို အသုံးချ ပြီး အမျိုးသမီး ဖေါက်သည် တွေကို
ဆွဲဆောင် တဲ့ အလေ့အထ ကို ထင်ဟပ် ပြခဲ့ တာပါ။
ဒီကား ပြပြီးတဲ့ နောက်မှာ၊ ကောင်လေး ချောချော လေး တွေကို သုံးပြီး ဈေးရောင်း
ကောင်းအောင် လုပ်တဲ့ လေ့အထ ဟာ ပိုလို့ တောင် လူတွေ လက်ခံ လာကြတယ်လို့ သုံးသပ် နေကြ
ပါတယ်။

Coffee Prince No.1, starring Gong Yoo and Yoon Eun Hye
စားသောက် ဆိုင်တွေ၊ super markets တွေ၊ ဈေးဆိုင် တွေဟာ ကောင်လေး
ချောချော လေးတွေကို အပြိုင် အဆိုင် ငှားရမ်း နေကြ ပါတယ်။ တချို့ ဆိုရင် အမျိုးသား
model တွေကိုတောင် ဈေးကြီး ပေး ငှားသုံး နေကြ တယ်လို့ ဆို ပါတယ်။
ရုပ်ချောတဲ့ ကောင်လေးတွေ ဟာ ၂၀% ကနေ ၃၀% လောက် လုပ်အားခ ပိုရ
နေကြတယ် လို့ဆို ပါတယ်။
ဈေးရောင်းတဲ့ အခါမှာ၊ အမေ၊ အန်တီ၊ မမ စတဲ့ အသုံးအနှုံးတွေ ကို
တွင်တွင် သုံးပြီး ဆွဲဆောင် ရောင်းချ ကြကြောင်း သိရ ပါတယ်။
သြ - ဒါလည်း တစ်ဒုက္ခ ပါလားနော်။
Links
Businesses Hiring Hunks to Woo Customers
The 1st Shop of Coffee Prince-d-addidts.com
Tags :
korean drama |
korean habit |
korean custom |
korean news |
korea
Leave your comment