ဇာတ်လမ်းတွဲအသစ် Legend

'Tae Wang Sa Shin Gi' or Legend cost US$43 millions
အကြီးအကျယ် ဘေးတီး
ထား ခဲ့တဲ့
(highly hyped) ကိုးရီးယား လို Tae Wang Sa Shin Gi ခေါ် ပြီး အင်္ဂလိပ် လို Legend လို့ အမည်
ပေးထားတဲ့ ရာဇဝင် ဇာတ်လမ်းတွဲ ကြီးကို MBC ရုပ်သံ ကနေ စက်တင်ဘာ လ ၁၀ ရက်နေ့ က စတင်
ပြသ ခဲ့ ပါတယ်။
ဒါရိုက်တာ Kim Jong Hak ရိုက်ကူးတဲ့ ဒီဇာတ် လမ်းတွဲ မှာ နာမည်
ကျော် မင်းသား Bae Yong Joon နဲ့ မင်းသမီး အသစ် Lee Ji Ah တို့ ပါဝင် သရုပ်ဆောင်
ထား ပါတယ်။

Starring Bae Yong Joon and Lee Ji Ah
ရိုက်ကူး နေစဉ် မှာ ပြသနာ မျိုးစုံ တက်ခဲ့ ပါတယ်။ မင်းသား နဲ့
ထုတ်လုပ် သူ တို့ စကားများ ကြပြီး မခေါ်မပြော တွေဖြစ် ခဲ့ ပါတယ်။
ပြသမည့် ရက်ကိုလည်း အကြိမ်ကြိမ် ရွေှ့ ခဲ့ရပြီး၊ ဇာတ်ညွှန်း ကိုလည်း
ပြန်ပြင် ရေးခဲ့ ရ ပါတယ်။
ပြီးခါနီး လောက်မှာ မင်းသား မလာပဲ ပျောက်နေပြီး တပတ် လောက် သူ့သဘော
နဲ့သူ အနားယူ သွား ခဲ့ပါတယ်။ ရိုက်ကွင်းတစ်ခုလုံး လူစုံတက်စုံ အဆင်သင့် အနေအထား နဲ့
မင်းသား ကို တပတ် လုံးလုံး လာနိုးငယ်မျှော် ခဲ့ရပါတယ်။

It portrays the life of the 19th king of Goguryeo
Legend ဇာတ်လမ်းတွဲ ဟာ US$43 millions ကုန်ကျ ခဲ့ ပါတယ်။ Jumong
ဘုရင်ကြီး တည်ထောင် ခဲ့တဲ့ Goguryeo မင်းဆက် ရဲ့ ၁၉ ဆက်မြောက် ဘုရင်ကြီး Dam Duk
ရဲ့ အကြောင်း ကို နောက်ခံ ပြုပြီး ရိုက် ထား ပါတယ်။
အခန်းတွဲ ၂၄ တွဲ (24 episodes) ရှိတဲ့ Legend မှာ မင်းသား Bae Yong
Joon နဲ့ မင်းသမီး အသစ် Lee Ji Ah တို့ အပြင် Moon So-ri, Jeong Jin-yeong, Choi
Min-soo နဲ့ အခြား သရုပ်ဆောင် များ ပါဝင် သရုပ် ဆောင် ထား ပါတယ်။
Links
Bae Yong Joon neglects The Legend to restӔ
Bae Yong Joon is back with The Legend
The Legend, Bae Yong JunҒs latest drama

Profile, pictures, articles and video clips of Bae Yoog-joon
Tags :
korean actor |
korean drama |
korean news |
korea
Leave your comment