အမျိုးမျိုးအစွမ်းပြနိုင်သူလေး

Yoon Eun Hye was quite sexy in a recent commercial
အခုတလော နာမည်ကြီး ပြီးရင်း ကြီးနေတဲ့ မင်းသမီး Yoon Eun Hye ဟာ
ပြီးခဲ့တဲ့ သုံးလေးရက် (၂၇/၀၈/၀၇) က ပြလို့ ပြီးသွားတဲ့ The 1st Shop of Coffee
Prince အမည် ရှိတဲ့ ဇာတ်လမ်တွဲ မှာ ရုံကွဲ အောင် သရုပ်ဆောင် သွားခဲ့ ပါတယ်။
Coffee Prince ကို မူလက 15 episodes ပဲပြရန် စီစဉ်ထား ပေမဲ့၊
ပရိသတ် ရဲ့တောင်းဆို မှုကြောင့် ၂ တွဲတိုးပြီး 17 episodes ပြခဲ့ရ ပါတယ်။ Rating
30% ကျော်ခဲ့ ပြီး၊ စင်ပြိုင် ပြခဲ့တဲ့ တခြား ဇာတ်လမ်းတွဲ အားလုံး ကို အလဲထိုး
အနိုင်ယူ ခဲ့ ပါတယ်။
ဒီဇာတ်လမ်းတွဲ မှာ Yoon Eun Hye ဟာ ယောက်ျား လေးအသွင် နဲ့
သရုပ် ဆောင် ပြီး ကြည့်သူတွေ ရဲ့ အသည်း နှစ်လုံး ကိုဖမ်းစား စားသွားခဲ့တယ်လို့ ဆိုကြ
ပါတယ်။

An innocent girl in Princess Hours
အလားတူ နာမည်ကြီး ခဲ့တဲ့ Princess Hours ဇာတ်လမ်းတွဲ မှာတော့
ကျောင်းသူလေး ကနေ ရုတ်တရက် အိမ်ရှေ့ မင်းသမီး ဖြစ်လာရတဲ့ အပြစ်ကင်း တဲ့
မြီးကောင်ပေါက် မလေး အဖြစ် သရုပ်ဆောင် ပြီး လူကြိုက် အင်မတန် များခဲ့ ပါတယ်။

Pretending as a boy in the latest MBC drama
The 1st Shop of Coffee Prince မှာ ယောက်ျားလေး အဖြစ် သရုပ်ဆောင် နိုင်ရန်
ယောက်ျားလေး တွေရဲ့ ပြောဆိုပုံ၊
လမ်းလျှောက်ပုံ၊ ပြုမူပုံ တွေကို အတော်ကြာ လေ့လာ အတုခိုး ရတဲ့ အပြင်၊ ကြိုတင်
လေ့ကျင့်မှု တွေက်ု လည်း တော်တော် ပြုလုပ် ရတယ်လို့ ဆို ပါတယ်။
karaoke ခမ်းမ တွေမှာ အသံကုန် ဟစ် ပြီး အသံသြ (husky voice) အောင်
လေ့ကျင့်ရတယ် လို့လည်း ဆို ပါတယ်။ ရိုက်ကွင်းမှာ တော့ mood ဝင်အောင်လို့
ရိုက်ကွင်းအဖွဲ့ဝင် အားလုံးက သူ့ကို ယောက်ျားလေး တစ်တယောက် လိုပဲ ဆက်ဆံ ခဲ့ကြ
တယ်လို့ ပြောကြ ပါတယ်။
ဒီမင်းသမီးလေး ပို၍ပို၍ တိုးတက် အောင်မြင် ပါစေး လို့ ဆုမွန်ကောင်း
တောင်းပေး အပ် ပါတယ်။
Links
The successful drama Coffee Prince ended with a bit of a bang
The 1st Shop of Coffee Prince
Pictures, profile and video clips of Yun Eun-hye
Latest pictures of Yoon Eun-hye's cosmetic commercial
Tags :
Tag : korean drama |
korean actress |
korean news |
korea
Leave your comment