CNN ကဗျူးတော့မည့်မင်းသမီး

Korean actress Jeon Do-yeon
ကိုးရီးယား မင်းသမီး Jeon Do-yeon ကို အမေရိကန် CNN သတင်း ဋ္ဌာန မှ `Talk
Asia လို့ အမည်ရှိ တဲ့ ကမ္ဘာကျော် ရုပ်သံ အစီအစဉ် မှာ တင်ဆက် ရန်ရှိ ပါတယ်။
Jeon Do-yeon ကို အမေရိကန် CNN `Talk AsiaҒ အစီအစဉ် ရဲ့ talk show host Anjali Rao
က လွန်ခဲ့တဲ့ ရက် အနည်းငယ် က Seoul မှာ ၂ နာရီ လောက် အင်တာဗျူး ခဲ့ ပါတယ်။
ဘယ်နေ့မှာ CNN က အစီအစဉ် ထုတ်လွှင့် မယ် ဆိုတာ တော့ အတိအကျ မသိရ သေး ပါဘူး။
ယခင် `Talk Asia အစီအစဉ် က အင်တာဗျူး ခဲ့သူများ ကတော့ Rain နဲ့ BoA တို့ ဖြစ်ကြ
ပါတယ်။

Jeon Do-yeon received Cannes award in SECRET SUNSHINE
Jeon Do-yeon ဟာ Cannes ရုပ်ရှင် ပွဲတော်မှာ ဒီနှစ် ပေးတဲ့ အထူးချွန်ဆုံး
မင်းသမီး သရုပ်ဆောင် ဆုကို ဆွတ်ခူး ရရှိ ခဲ့သူ ဖြစ် ပါတယ်။
အာရှ စကားပြော၊ အာရှ ဒါရိုက်တာ နဲ့ ရိုက်တဲ့ အာရှ ဇာတ်ကား စစ်စစ် နဲ့ Cannes
ဆုကို ပဋ္ဌမ ဆုံး ရရှိ ခဲ့တဲ့ မင်းသမီး လည်းဖြစ် ပါတယ်။
သူ ဟာ ဒါရိုက်တာ Lee Chang-dong ရဲ့ Secret Sunshine အမည် ရှိတဲ့ ကိုးရီးယား
ရုပ်ရှင် ကားနဲ့ ဆုရခဲ့ တာဖြစ် ပါတယ်။
ကိုးရီးယား သမတကြီး ကလည်း ဒီဆုကြီး ရရှိလို့ အလွန် မှ ဂုဏ်ယူ ကြောင်း ဂုဏ်ပြု
သဝုဏ်လွှာ ပေးပို့ ခဲ့ ပါတယ်။
အခြားအခြား သော ဂုဏ်ပြု မှုတွေ ကတော့ အများအပြား ပါပဲ၊ နေရာ မရှိလို့ မဖေါ်ပြ
တော့ ပါဘူး။
Links
Jeon Do-yeon to Appear on CNN's "Talk Asia" (english.kbs.co.kr)
Jeon to Appear on CNN Program (koreatimes.co.kr)
Profile, pictures, articles and video clips of Jeon Do-yeon

Tags :
korean actress |
korean news |
korea
Leave your comment