သရဲမနှစ်ယောက်ဖိုက်ကြမယ်

ကိုးရီးယား သွေးစုတ်ကောင် Jun Ji-hyun နဲ့ ဂျပန် သွေးစုတ်ကောင် Koyuki တို့ဟာ
Hollywood ကရိုက်တဲ့ The Last Vampire အမည်ရှိ တဲ့ ရုပ်ရှင် ကားမှာ သူသေ
ကိုယ်သေ အပြတ် ဖိုက်ကြ ရန် အစီအစဉ် ရှိတယ် လို့ သိရ ပါတယ်။
ကိုးရီးယား မင်းသမီး
Jeon Ji-hyeon ဟာ The Last Vampire အမည်ရှိ တဲ့ သွေးစုတ် ဖုတ်ကောင် သရဲကား မှာ
မင်းသမီး အဖြစ် ပါဝင် သရုပ် ဆောင်
ရိုက်ကူး နေခဲ့တာ ကြာပါပြီး။
သူ ဟာ My Sassy Girl ရုပ်ရှင် ကားနဲ့ နာမည် ကြီးလာတဲ့ ထိပ်တန်း ကိုးရီးယား
မင်းသမီး တစ်ဦး ဖြစ် ပါတယ်။
အခု နောက်ဆုံး ရရှိတဲ့ သတင်း အရ၊ နာမည်ကျော်
ဂျပန် မင်းသမီး Koyuki ဟာလည်း ဒီကား မှာ သွေးစုတ် သရဲမ
အဖြစ် ပါဝင်ပြီး
ကိုးရီးယား သရဲမ Jeon Ji-hyeon နဲ့ တိုက်ခိုက်
ကြလိမ့် ဦးမယ်လို့ သိရ ပါတယ်။

ဂျပန် မင်းသမီး Koyuki ဟာ အမေရိကန် ရုပ်ရှင် Last Samurai ဇာတ်ကား မှာ မင်းသား Tom
Cruise တွဲရိုက် ခဲ့ရာ ကနေ ကမ္ဘာ သိ ဖြစ်လာ သူ တစ်ဦး ဖြစ် ပါတယ်။
ဒီ မင်းသမီး နှစ်ဦး ဘယ်လို စခန်း သွားကြမယ် ဆိုတာ ငွေရောင် ပိတ်ကာ ပေါ် မှာ
စောင့်မျှော် ကြည့်ရှု ကြ ပါစို့။
Links
Japanese Actress Koyuki Joins Jun Ji-hyun in The Last Vampire'

Tags :
korean actress |
korean news |
korea |
japanese actress
Leave your comment