လှလို့မျက်နှာငယ်ရသူများ

တမျိုးကြီး ပဲနော်၊ လှရင် ထင်ပေါ် ပြီး မျက်နှာရှိ ရမှာပေါ့၊ ထူးထူး
ဆန်းဆန်း မျက်နှာ ငယ် ရတယ် လို့။
အသက် ၁၇ နှစ် ရှိပြီး ဖြစ်တဲ့ မင်းသမီး Koh A-ra ဟာ သူ့မျက်နှာ
ငယ်ကြောင်း ကို ပေကြိုးနဲ့ တိုင်းပြီး တော့ အပေါ်မှာ ပြထား တဲ့ပုံ အတိုင်း ကြွားထား
ပါတယ်။
ကိုးရီးယား မှာ မျက်နှာငယ်မှ၊ မျက်နှာသေး မှ လှတယ် လို့ ယူဆ ကြ
ပါတယ်။
တခြား နာမည်ကြီး မင်းသမီး တွေကို သတိထား ကြည့်ကြည့် ပါ၊ အများ စုဟာ
မျက်နှာ ငယ်ကြ တာကို တွေ့ရ ပါလိမ့် မယ်။

ကိုးရီးယား အမျိုးသမီး များဟာ (မင်းသမီး မျာ အပါ အဝင်)
မျက်နှာ အကြီးအသေး နှိုင်းယှဉ် တတ်တဲ့ အကျင့်ရှိ တယ်လို့ ဆို ပါတယ်။
လှလည်းလှ မျက်နှာပုံ လည်းငယ် တဲ့သူ တွေကို အထူး အားကျ ကြတယ်
လို့ဆို ပါတယ်။

မင်းမျက်နှာ လေးဟာ လက်သီးဆုတ် လောက်ပဲ ရှိတယ် နော်လို့ ပြောရင်
လှတယ် လို့ ပြော တာပါ၊ မင်းမျက်နှာ လေးဟာ ပန်းအိုးလောက် အဲ... လက်သီး ဆုပ် ၂ ဆုတ်
လောက် ရှိတယ် လို့ ပြောရင်တော့ ရုပ်ဆိုးမ လို့ အပြော ခံရ တာ ပါပဲ။
မိန်းကလေး တွေ မျက်နှာငယ် ကြပါစေ လို့ ကျိန်ဆဲ...အဲ..အဲ....ဆုတောင်း ပေးအပ် ပါတယ်။
Links
Koh
Ara is only 17
If you want to be a star, a small face is a must
Beauty is in the eye of the CD
Tags :
korean habit |
korean news |
korea
Leave your comment