လွမ်မပြေမင်းသမီးလေးစွံပြီး

Kim Hee Sun and fiance Park Joo Young
မြဝတီ ရုပ်သံ မှာပြသွားတဲ့ လွမ်းမပြေ ဇာတ်လမ်းတွဲ က မျက်မမြင် မလေး Kim
Hee-Sun(30) ရဲ့ လက်ထပ်မဲ့ သတင်း ရုတ်တရက် ထွက်ပေါ် လာ ပါတယ်။
Kim Hee Sun ဟာ လာမည့် အောက်တိုဘာ လ ၁၉ ရက်နေ့ မှာ Sheraton Walker Hill Hotel
တွင် လက်ထပ် မယ်လို့ MyDaily သတင်းစာ က ဖေါ်ပြခဲ့ ပါတယ်။
ကံထူးသူ သတိုးသား မှာ လုပ်ငန်းရှင် Park Joo Young(33) ဖြစ်ပြီး Yonsei တက္ကသိုလ်
ဘွဲ့ရ တစ်ဦး ဖြစ်တယ် လို့ သိရ ပါတယ်။

Kim Hee Sun's web page
သူမရဲ့ web site မှာ Kim Hee Sun ကိုယ်တိုင် ရေးထား တာ ကတော့၊ အချစ် ဆိုတာ
တစ်သက် တစ်ခါ သာ ပေါက်တဲ့ ဝကိသက် နဲ့ တူပါကြောင်း၊ လူတိုင်းဟာ တစ်သက်မှာ တော့ တစ်ခါ
တော့ပေါက် ရမှာ ဖြစ်ပြီး၊ နှစ်ခါ ပေါက်လို့ မရ နိုင်ကြောင်း၊ မြှားနတ်မောင် ဟာ
အသည်းနှစ်လုံး ထဲကို အချစ် မြှားနှစ်စင်း ပစ်ထည့် လေ့ မရှိ ကြောင်း၊ စသည် ဖြင့်
ရေးသား ထား ပါတယ်။
သေချာတာ ကတော့ ဒီ မင်းသမီးလေး မှာ ကုမရတဲ့ အချစ် ရောဂါ စွဲကပ် နေပြီး ဆိုတာ
ပါပဲ။

Actress Kim Hee-sun(30)
Links
Kim Hee Sun's Fiance Is Revealed
Profile, pictures, articles and video clips of Kim Hee-sun
Tags :
korean actress |
korean news |
korea
Leave your comment