ငယ်ထိပ်မြင်းမြှီးပေါက်ခြင်း
အခုတလော ကိုးရီးယား မှာ Apple Hairdo ခေါ်တဲ့ ဆံပင် အလှပြင် နည်း တစ်ခု ခေတ်စား
နေ ပါတယ်။
Media လောက က တချို့ နာမည်ကြီး မင်းသမီး တွေ ဟာ ခေါင်းထိပ် မှာ မြင်းမြှီး သေးသေးလေး
(tiny pony tail) ချီပြီး ဖက်ရှင် လုပ်နေ ကြ ပါတယ်။
ဒီ ဖက်ရှင် ကို Apple Hairdo လို့ခေါ် တဲ့ အကြောင်း ကတော့ ပန်းသီး ထိပ် က အညှာ
လေးနဲ့ ဆင်နေ လို့ပါ။
မင်းသမီး တွေ လုပ်တော့ လူငယ်တွေ လည်း လိုက်လုပ်
လာ ကြတာ တွေ့ရ ပါတယ်။ တချို့
ကလည်း ဒီစတိုင် ဟာ အရင်ကတည်း က ရှိလို့
ရေကြီး ခွင်ကျယ် လုပ်စရာ မလို ပါဘူး လို့ ပြောကြ
ပါတယ်။
ကလေး တွေ ခေါင်းထိပ် မှာ pony tail တွေချီ ကြတာ နှစ် အနည်း
ငယ်လောက် ကတော့ ကျွန်တော် ရန်ကုန် မှာတွေ့မိ ပါတယ်။
ဖက်ရှင် ဆိုတာ တလှည့်စီ ပြောင်း ပြီး ပေါ်ပြူလာ ဖြစ်တတ် လေတော့ အခု အချိန်မှာ
မြင်မြှီး (tiny pony tail) ရဲ့ အလှည့် ဖြစ်မယ် ထင်ပါ ရဲ့။
Links
Who has the cutest apple hairdo?
Tags :
korean actress |
korean news |
korea
Leave your comment